
အခမ်းအနား ဖွင့်လစ်ပြီးနောက် တက်ရောက်လာကြသော မဟာမိတ်ခေါင်းဆောင်များ PNLO ခေါင်းဆောင်များ ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော်သားများ ပအိုဝ်း မျိုးချစ်မောင်မယ် များနှင့် ကျေးရွာ ကိုယ်စားလှယ် များက ပအိုဝ်း အမျိုးသား အလံတော်နှင့် ပအိုဝ်းအာဇာနည်းများကို အလေးပြုခဲ့ကြပါသည်။

PNLO ၏ ပအိုဝ်းအမျိုးသား ထုတ်ပြန်ကြေငြာချက်ကို အထွေထွေ အတွင်းရေးမှူး ခွန်မြင့်ထွန်း မှ ဖတ်ကြားပါသည်။ ထို့ နောက် PNLO ဥက္ကဌ ဗိုလ်မှူးကြီး ခွန်ဥက္ကာနှင့် မဟာမိတ် ခေါင်းဆောင်များဖြစ်ကြသော WNO ဝအမျိုးသားအဖွဲ့မှ ဥက္ကဌ ဗိုလ်မှူးကြီး တာ့ပလွဲ၊ RCSS/SSA မှ ဗိုလ်မှူးကြီး စဝ်အောင်မြတ်၊ ကယန်းပြည်သစ် ပါတီမှ ဦးစိုင်းလုံ တို့မှ အသီးသီး အမှာ စကားများပြောကြားကြပါတယ်။ PNLO တွဲဖက် အတွင်းရေးမှူး (၁) ပအိုဝ်း အမျိုးသား လွတ်မြောက်ရေး တပ်မတော် စစ်ဦးစီးချုပ် ဗိုလ်မှူးကြီး ခွန်သူရိန်မှာ ယနေ့ အခြေအနေများကို ရှင်းလင်းပြောကြား ပါသည်။
အဲဒီနောက် ပအိုဝ်းအမျိုးသားကျောင်းမှ ဆုရကျောင်းသူကျောင်းသားများကို မဟာမိတ်ခေါင်းဆောင်များနှင့် PNLO ဒု ဥက္ကဌ ဗိုလ်မှူးချုပ် ခွန်တိဆောင်တို့က အသီးသီး ဆုချီးမြင့်ပေးခဲ့ကြကြောင်း သိရပါသည်။
No comments:
Post a Comment