Friday, 23 March 2012

အဆောက်အဦတွေမှာ ပန်းချီဆရာ John Pugh ရေးဆွဲထားတဲ့ 3D ပန်းချီကားများကို တင်ပြလိုက်ပါတယ်။


အားလုံးကိုခင်မင်လေးစားလျက်

ထိုလင့်တွင်အပြည့်အစုံဖတ်ပါ: http://www.mm-flashsongs.com/profiles/blogs/3d#ixzz1pviZx43z

စိတ်ဝင်စားစရာ ကောင်းလောက်မယ်ထင်တယ်…

က္ကရိုဆော့ ဟော့(ထ်)မေးလ် သုံးစွဲသူတို့၏ Password များ အမြန်ပြောင်းလဲရန် တိုက်တွန်း

Microsoft Hotmail ကို အသုံးပြုသူ စာဖတ်ပုရိတ်သတ်အပေါင်းတို့ ။။။။ကိုယ့်ရဲ့အီးမေး Password ကိုအမြန်ဆုံးပြောင်းလိုက်ကြပါ။ မသာမာ သူတွေ လက်ချက်နဲ့  ကမောက်ကမ တွေ ဖြစ်ကုန်မယ်။

Microsoft ၏ Hotmail စံနစ်ကို အသုံးပြု နေသူ (၂၁)သန်း ကျော်အား ၎င်းတို့၏ Password များကို အမြန်ဆုံး ပြောင်းလဲရန် ဗြိတိန် ရဲတပ်ဖွဲ့ က တိုက်တွန်း လိုက်သည်။

Microsoft ၏ နာမည်ကျော် Mail စံနစ်တွင် လုံခြုံရေး ယိုပေါက် တခုကို ရှာဖွေ တွေ့ရှိပြီးနောက် ယခုလို ဆော်ဩခဲ့ခြင်း ဖြစ်သည်။ အဘယ်ကြောင့် ဆိုသော် Hotmail အသုံးပြုသူ (၁၀၀၀၀) ကျော်၏ Password များကို Hacker များက ဖောက်ထွင်း ရယူသွားပြီး အောက်တိုဘာ (၁)ရက် နေ့က အဆိုပါ လူစာရင်းကို pastebin.com တွင် အမည်မသိသူ တဦးက ဖော်ပြ သွားခဲ့သည်။

ယခု အခြေအနေသည် ဆိုင်ဘာ လုံခြုံရေးအတွက် စိုးရိမ် ထိတ်လန့်စရာ ဖြစ်လာရပြီး အချက်အလက် ခိုးယူမှုများ ဖြစ်ပေါ်လာမည်ကို ရဲတပ်ဖွဲ့က စိုးရိမ်နေခဲ့သည်။ မက်ထရိုပိုလီတန် ရဲတပ်ဖွဲ့ ပြောရေးဆိုခွင့်ရ ပုဂ္ဂိုလ်က လူတိုင်းအနေနှင့် စီးပွားရေး၊ အခြားကိုယ်ရေး အချက်အလက် များကို တတ်နိုင်သမျှ Hotmail တွင် လက်တလော အသုံးမပြုရန်နှင့် Password များကို ပြောင်းပစ်ရန် အကြံပေးလိုကြောင်း ပြောဆိုသွားခဲ့သည်။

ထို လုံခြုံရေး ဟာကွက်နှင့် ပတ်သက်ပြီး နည်းပညာ Blog ဖြစ်သည့် Neowin.net က ဖော်ထုတ် တွေ့ရှိခဲ့ခြင်း ဖြစ်သည်။ ရဲတပ်ဖွဲ့သည် ယခုအခါ ဥရောပရှိ လူ(၁၀၀၀၀)ကျော် တို့၏ အချက်အလက်များ ခိုးယူ ခံထားရပြီး ဖြစ်နိုင်ကြောင်း ယူဆထားသည်။

Microsoft ကမူ ၎င်းတို့သည် Hotmail ၏ လိုအပ်ချက် မှန်သမျှကို သတိပြု ဖြေရှင်းပေးလျှက် ရှိကြောင်း မယုတ်မလွန် ပြောဆို သွားခဲ့သည်။
လူထုအသံအွန်လိုင်းဂျာနယ်မှကူးယူဖေါ်ပြသည်။

Gmail အကောင့်ဖွင့်နည်းအသစ်လေးပါ...

Gmail account တွေကိုဒီလိုဖွင့်လို့ရနေပြီနော်... ပထမဆုံး www.gmail.com သို့သွားလိုက်ပါ......

ပေါ်လာတဲ့ထဲက Learn how ကိုကလစ်ပါ။


START THE INTERVENTION ကိုကလစ်ပါ။

ပြီးရင် ENTER YOUR CONTACT INFO အောက်မှာ သင်လက်ရှိသုံးနေတဲ့ Gmail address နဲ့ သင့်နာမည်ကိုထည့်ပေးပါ.. ENTER YOUR FRIEND'S CONTACT INFO အောက်မှာ သင့်အကောင့်ထဲမှာရှိတဲ့ သင့်သူငယ်ချင်းနာမည်နဲ့ Gmail address ကိုထည့်ပေးပါ။ ပြီးရင် NEXT ကိုကလစ်ပါ။
အပေါ်ကပေါ်လာတဲ့ထဲက SEND ကိုကလစ်ပါ။ပြီးရင်သင်၏မေးထဲသို့ စာတစောင်ဝင်လာပါမည်။ ထိုစာအားကလစ်ပါက အောက်ပါအတိုင်းထပ်မံပေါ်လာမည်။


ပေါ်လာတဲ့ထဲက Switch to Gmail ကိုကလစ်ပြီး သူငယ်ချင်းတို့လိုချင်တဲ့ Gmail account အသစ်ကို ပြုလုပ်နိုင်ပါပြီ။

gtalk နဲ့ facebook ကိုပြိုင်တူချက်ကြရအောင်

ခုဆိုရင်gtalk ကိုအင်တာနက်သုံးသူတိုင်းသုံးနေကြတက်ပါတယ်....ထူအတူfacebook လေးကိုလည်းသူငယ်ချင်းတွေနဲ့ပြောချင်သေတာဘဲလေ...                                                                       facebookဆိုက်ကိုချက်လိုက်gtalk ကိုပြန်ကြည့်လိုက်လုပ်ရတာအနည်းနည်းအလုပ်လေးတွေရှုပ်နေမလားမသိဘူးနော်......                 ဒီတော့သူငယ်ချင်းတွေတခါတည်းအလုပ်နှစ်ခုလုပ်ကြပေါ့နော်......ကျတော်တော့လောဘကြီးတာတော့မဟုတ်ဘူး..ဒီလိုတော့အမြဲဖွင့်ထားတယ်..                                                   ဒါမှသူငယ်ချင်းတွေကိုတွေ့ရမှာပေါ့.....ကဲပါကြာပါတယ်....အဲ့ဒိတော့ftalk လေးကိုဒေါင်းထားပြီး  gtalkနဲ့အတူဖွင့်ပြီးထားလိုက်တော့ပေါ့......ဒီကိုသွားဒေါင်းလိုက်နော်.........
     http://www.ftalk.com/   အဆင်ပြေပါစေ....ပုံလေးနမူနာပါ.....http://www.ftalk.com/  ဒေါင်းလိုက်နော်..

သင့်ကွန်ပျူတာ စဖွင့်တာနဲ့ သီချင်းပါပွင့်လာအောင် လုပ်ကြမယ် ။

အရင်ဆုံး သင့် ကွန်ပျူတာထဲက သီချင်းနားထောင်ရန်အသုံးပြုသော window media player  ကိုဖွင့်ပြီး သင်နားထောင်လိုသော သီချင်းများကို playlist ထဲထည့်ပါ။
ပြီးလျှင် file > save playlist as ကိုနိပ်ပါ။ တစ်နေရာတွင် save ပါ။ နောက်သင် save ထားသော playlist file အား copy လုပ်ပါ။ ထို့နောက် start > program > startup ကို right clip နိပ်ပြီး open ကိုနိပ်ပါ။ startup folder ပွင့်လာပါက copy ယူထားသော playlist ကို paste လုပ်ပါ။ နောက်တစ်ကြိမ် သင့်ကွန်ပျူတာ ပွင့်လာလျှင် သင့်နားထောင်လိုသော သီချင်းများ auto ပွင့်လာမှာ ဖြစ်ပါတယ်။

Zawgyi Font လေးထောင့်တုံး ပြဿနာ

[၀င်းဝင်း: ကိုဝင်းရေ.. win ရဲ့ HP laptop က မြန်မာ font နဲ့ ရေးထားတဲ့ ဖိုင်နာမည်တွေကို ဖတ်လို့မရတာ ဘာဖြစ်လို့ပါလဲ ရေးတာရော..ဖတ်တာရော  zawgyi  နဲ့ အဆင်ပြေပါတယ်..ဖိုင်နာမည်ပဲ မရတာ..ကူညီပါဦး]
C-box မှာ မေးထားတာလေးပါ
ဒီပြဿနာ ဖြေရှင်းနည်းလေးကို Blog တော်တော် များများမှာ ရေးထားပြီးပါပြီ ကျနော့ Blog ထဲမှာလဲ အရင်က ရေးထားတာတွေရှိပါတယ် သေချာ ရှာမဖတ်ကြလို့ပါ..။
ဒီ Zawdyi Font ပြဿနာ လေးကတော့ ကွန်ပြူတာကို ကိုင်တတ် စ မှာ လူတိုင်းနီးနီး ကြုံဖူးကြမယ် ထင်ပါတယ်.. ကျနော် ကိုယ်တိုင်လဲ ကြုံခဲ့ဖူးပါတယ် Gtalk မှာဆိုရင် ရေးတော့ မြန်မာလို ပေါ်ပြီး Enter ခေါက် လိုက်မှ လေးထောင့်တုံးတွေ ဖြစ်သွားတာ... ပြီးတော့ Folder တွေကို မှတ်ရလွယ်အောင်ဆိုပြီး rename မှာ မြန်မာလို ရေးထားတာတွေဟာ စက်ထဲကို ဟိုဆော့ဝဲလ် သွင်း ဒီဆော့ဝဲလ် ထုတ် နဲ့ ကြာလာတော့ Zawgyi  မြန်မာ Font က မြန်မာ စာလုံးတွေ အစား ကွန်ပြူတာက နားမလည်တဲ့ လေးထောင့်တုံးတွေ ဖြစ်သွားတာမျိုးတွေပေါ့ ... ဒီပြဿနာလေးက ကွန်ပြူတာနဲ့ တော်တော် ကြာကြာ ရင်းနှီးနေတဲ့ လူ အတွက်တော့ ဘာမှ မပြောပ လောက်တဲ့ ပြဿနာလေးပေါ့ဗျာ...အဲ ဒါပေမဲ့ ခုမှ ကွန်ပြူတာကို စ ကိုင်တဲ့ လူတစ်ယောက်အတွက်တော့ မဟာပြဿနာကြီးပါ... .. 
ကျနော် ကွန်ပြူတာ စ ကိုင် စ က ဒီပြဿနာလေးကို  ကျနော့နည်း ကျနော့ဟန် နဲ့ ဖြေရှင်းကြည့်ဖူးပါတယ် အရမ်းလွယ်တယ်ဗျာ.....(ကြွတ်ကန်း ဆန်းအိုး တိုးသွားတာ) .....:D   အရင်က ဒေါင်းထားတဲ့ (ကျနော့ Blog ရဲ့ အပေါ်ဆုံး ညာဘက်ဘေးက ဇော်ဂျီ ပုံလေးတွေကို နှိပ်ပြီး ဒေါင်းလည်း ရပါတယ် 32bit or 64bit) Zawgyi .exe ဖိုင်လေးကို ထပ် Run ပေးပြီး Restart ပေးလိုက်တာ စောစောက လေးထောင့်တုံးတွေ အားလုံး မြန်မာစာ တွေပြန်ဖြစ်သွားတယ်ဗျာ ဘာ့ကြောင့်လဲ ဆိုရင် အောက်ကပုံထဲက စာတွေကို သေချာ ဖတ်ကြည့်လိုက်ပါ..
(Zawgyi.exe ဖိုင်လေးကို Run လိုက်ရင် ပေါ်လာတဲ့ ပုံလေးပါ)
 Zawgyi က သူ့ပြဿနာ သူရှင်းသွားတာပါ...ကျနော် တော်လို့ မဟုတ်ပါဘူး...:D
 အဲ့ဒါကတော့ အလွယ်ဆုံး Gatalk  နဲ့  Internet Explore Browser က လေးထောင့်တုံး ပြဿနာ ဖြေရှင်းနည်း တစ်မျိုးပေါ့ဗျာ... ကွန်ပြူတာ ကိုင် စ လူတွေအတွက် တော့ ဒီနည်းလေးက အဆင်ပြေဆုံးပါ...ဟို Sitting ထဲဝင် ဒီနေရာကို နှိပ် ဟိုနေရာကိုနှိပ် လုပ်ပေးစရာမလိုဘူးပေါ့...:)... ဒီလိုလဲ ဖြေရှင်းလို့ရပါသေးတယ်
  Internet Explore Browser မှာ
 Tools > Internet Options > Fonts ထဲမှာ Zawgyi-One ကို ရွေးပေးလိုက်ရင်လဲ ရပါတယ်..။ ဒါကတော့ တဆင့်ချင်း သွားရတာပါ...။ 
 ကြုံလို့ တခါထဲ ရေးလိုက်တာပါ... ဒီပို့စ်ရဲ့ အဓိက ရည်ရွယ်ချက်က ဒီပြဿနာကို ဖြေရှင်းဖို့ပါ...
( ကိုဝင်းရေ.. win ရဲ့ HP laptop က မြန်မာ font နဲ့ ရေးထားတဲ့ ဖိုင်နာမည်တွေကို ဖတ်လို့မရတာ ဘာဖြစ်လို့ပါလဲ ရေးတာရော..ဖတ်တာရော  zawgyi  နဲ့ အဆင်ပြေပါတယ်..ဖိုင်နာမည်ပဲ မရတာ..ကူညီပါဦး)
desktop က လွတ်တဲ့ နေရာ မှာ Right Click နှိပ်ပြီး   Personalize > window color > Advanced appearance stting > Item မှာ  Icon ကို ရွေးပေးပြီး > Font မှာ Zawgyi-one ကိုရွေး... ပြီးရင် Apply > OK .
အဆင်မပြေရင်အောက်က Video လေးကို ကြည့်လိုက်ပါ.....။
Popout
ကဲ ဒီ ပို့စ်လေးကတော့ C-box မှာ လာမေးတဲ့ ဝင်းဝင်း နဲ့အတူ မသိသေးတဲ့ သူငယ်ချင်းများအတွက် ရည်ရွယ်ပါတယ်...။ 

အားလုံး အဆင်ပြေ ပျော်ရွှင်ကြပါစေဗျားးးး။

VZO/SKYPE စတဲ့နှစ်ခုဖွင့်မရတာတွေကို နှစ်ခုတပြိုင်နက် ဖွင့်ရအောင်

ဒီSandboxed လေးကို တင်ပေးမိတဲ့အတွက် အွန်လိုင်းပေါ်က ချစ်သူစုံတွဲတွေကို အရင်တောင်းပန်ပါတယ်။
ဒီSandboxed လေးကို တင်ပေးသင့်မပေးသင့် အချိန်တော်တော်ကြာ စဉ်းစားခဲ့ရပါတယ်။ဘာလို့လဲဆိုတော့ အရင်ကဆို သ၀န်တိုတတ်တဲ့ ချစ်သူတွေဟာ  gtalk မေးလ်အကောင့်နှစ်ခုဖွင့်ပြီးချက်မှာကိုဘဲ စိတ်ပူခဲ့ရတာ။
အခုကျွန်တော်လုပ်လို့ နောက်ဆို ကိုယ့်ချစ်သူက vzo နောက်တစ်ခုနဲ့ တခြားတစ်ယောက်နဲ့ ချက်နေသလားဆိုပြီး စိတ်ပူကြရပါတော့မယ်။ကျွန်တော်နဲ့ဧကရီလဲ အခုဆို တစ်ယောက်နဲ့တစ်ယောက် အဲ့Sandboxed လေးကြောင့် ပိုပြီးသ၀န်တို ပိုပြီးစိတ်မချဖြစ်နေရပါတယ်။ဒီSandboxed လေးအကြောင်းကို သိပြီးသူလဲ သိပြီးဖြစ်မှာပါ။ မသိသေးသူများအတွက် တင်ပေးလိုက်ပါတယ်။

ပထမဆုံး အောက်ကလင့်လေးတွေကနေ အရင်ဒေါင်းလိုက်ပါ။2mb ဘဲ ရှိပါတယ်။



http://www.mediafire.com/?ysv9is7yiw5p5fl

http://ifile.it/nxb43qe/SandboxieInstall_httpwww_akyinnarnantaw_org...

http://www.zshare.net/download/94657604dc24265e/

http://www.ziddu.com/download/16566779/SandboxieInstall_httpwww_aky...

http://www.4shared.com/file/6kyS-gIJ/SandboxieInstall-httpwwwakyinn...

http://www.mirrorcreator.com/files/099MCKNY/ 


ဒေါင်းပီးပီဆိုရင် install လုပ်လိုက်ပါ။
အောက်မှာသုံးပုံသုံးနည်းလေးကို ပုံလေးတွေနဲ့ ရှင်းပြထားပါတယ်။အခုကျွန်တော် vzo ကိုနှစ်ခုဖွင့်ပြပါမယ်။




သူက ရှော့ကတ်နဲ့ဖွင့်မရတဲ့အတွက် အရင်ဆုံး Start>All programs ကနေ vzochat folder လေးကိုသွားပါမယ်။


ပြီးရင် ကိုယ်ဖွင့်ချင်တဲ့ vzochat လေးပေါ်မှာ right click ထောက်ပြီး ပုံထဲကအတိုင်း run sandboxed နဲ့ ဖွင့်လိုက်ပါ။


ဒီလိုဘောက်လေး ပေါ်လာပါမယ်။OK ပေးလိုက်ပါ။


ကဲ ပုံထဲကအတိုင်း vzoချက် နှစ်ခုဖွင့်လိုက်ပါပီ။တခြားဖွင့်ချင်တာလေးတွေကိုလဲ ဒီနည်းအတိုင်းဖွင့်နိုင်ပါတယ်။
အဲ တကယ်လို့ အခုပြောထားတဲ့နည်းနဲ့ မရဘူးဆိုရင် နောက်တစ်နည်းက C:\Program Files> ကိုယ်ဖွင့်ချင်တဲ့ဟာရဲ့ folder ကိုသွားပါ။folder ထဲမှာရှိတဲ့ application ကို right click ထောက်ပြီး run sandboxed နဲ့ဖွင့်လိုက်ပါ။

အားလုံးအဆင်ပြေပါစေ။

EASY FLASH BANNER MAKER

ဒီတစ်ခါတော့ သူငယ်ချင်းတွေကို flash song ပြုလုပ်နိုင်သော slide Show ပြုလုပ်နိုင်သော Flash ခြေခံ Software တစ်ခု ပေးပါ့မယ်။
Showthink SWF Easy ဆိုသော ဆော့ဝဲလ်ပါ။ ကီးလဲ ထည့်ပေးထားပါတယ်။

သုံးနည်းကတော့ SwissMax သုံးသလိုပါပဲ
သူက နဲနဲ ပိုရှင်းတယ်။
အရမ်းလွယ်ကူတယ်။
Effect တွေလဲ တော်တော် များတယ်။ သူငယ်ချင်းတို့ စိတ်ကြိုက် ဖန်တီးနိုင်တယ်။

ဒေါင်းချင်ရင်
http://www.mediafire.com/?2e8vtet2x88pyet

အသံဖမ်း အသံတည်းဖြတ်

------------
အသံဖမ်း အသံတည်းဖြတ်ဆော့စ်ဝဲလ်လေးပါစိတ်ဝင်စားလိုသူများအောက်မှာဒေါင်းလော့စ်လုပ်ယူနိုင်ပါသည်။
Download
ဒီဆော့စ်ဝဲလ်လေးကို..Ashin acara ...ရေးသားပေးပို့ခဲ့ပါသည်။

facebook မှာ smile ပုံလေးတွေ သုံးပြီးချက်ရအောင်


facebook မှာ ဒီလို smile ပုံလေးတွေ အသုံးပြုချင်သူများအတွက် လုပ်ပုံလုပ်နည်းလေး တင်ပေးလိုက်ပါတယ်။
ပထမဆုံး အောက်က လင့်လေးကိုသွားပြီးတော့ facemoods plugin လေးကို download လုပ်လိုက်ပါ။
အဲ့လင့်က အဆင်မပြေဘူးဆိုရင် တခြားဒေါင်းလုတ်ဆိုဒ်တွေကနေလဲတင်ပေးထားပါတယ်။

http://for-facebook.net/plugins/

http://www.mediafire.com/?z15a8umwz84h7b7

http://ifile.it/pio2awc/Facemoods.exe

http://www.zshare.net/download/97582155e0675803/

http://www.ziddu.com/download/17876900/Facemoods.exe.html

http://www.mirrorcreator.com/files/4ZE4LPVE/

ဒီ plugin လေး ကို ဒေါင်းပြီးပြီဆိုရင် run လိုက်ပါ။


run တဲ့အခါ အပေါ်ကပုံလေးလို ပေါ်လာတဲ့အခါ အမှန်ခြစ်လုပ်ထားတဲ့နေရာလေးတွေမှာ အမှတ်လေးတွေကို ဖြုတ်ပေးလိုက်ပါ။အဲ့နေရာတွေမှာ အမှတ်ခြစ်စရာမလိုပါဘူး။ပြီးမှ Agree & Continue လုပ်ပါ။browser ကို restart ချခိုင်းပါလိမ့်မယ်။အားလုံးပြီးရင် မိမိရဲ့ facebook အကောင့်ကို အသစ်ပြန်ဝင်လိုက်ပါ။



အပေါ်ကပုံထဲကအတိုင်း စာရေးတဲ့နေရာလေးမှာ smile ပုံလေးရောက်နေပါလိမ့်မယ်။နိုပ်လိုက်ရင်ဘေးက ဘောက်လေးထွက်လာပါမယ်။ဒါဆိုရင်အသုံးပြုလို့ရပါပြီ။အဲတစ်ခုတော့ရှိတယ်။ကိုယ်ဘက်ကဘဲ ဒီplugin ကို run
ထားတာဖြစ်တဲ့အတွက် တခြားတဖက်မှာ စာတွေဘဲပေါ်နေပါလိမ့်မယ်။ဂျီတော့မှာ smile ပုံတွေသုံးသလိုဘဲ ဟိုဘက်လူကလဲ run ထားမှ ပုံလေးတွေကို မြင်ရမှာ ဖြစ်ပါတယ်။အားလုံးအဆင်ပြေပါစေ။

ချစ်သူကိုအကြွေးဖြင့်သိမ်းခြင်း

*" လမ်းခွဲဇယား "*
ဒီနေ့ ကျနော်နဲ့ လမ်းခွဲမယ်လို့ သူမပြောခဲ့တယ်။
မနေ့ညက တစ်ညလုံး ကျနော်အိပ်မပျော် နိုင်ခဲ့ဘူး။ ကံဆိုးစွာနဲ့
ဒီနေ့မနက်စောစော ကတည်းက မိုးရွာနေခဲ့ပြန်တယ်။ တစ်ကယ်ကို
ကျနော်ဘာလုပ်သင့်လဲ သေချာစဉ်းစား ခဲ့တယ်။ ကျနော်ထီးမစောင်းပဲ ခပ်စောစော
ထွက်လာခဲ့တယ်။ ကျနော်တို့ နောက်ဆုံး ချိန်းထားတဲ့ နေရာက ကော်ဖီဆိုင်
အစွန်ဆုံးက စားပွဲဝိုင်းလေးမှာ။ ကျနော်ရောက်တော့ သူမကရောက်နှင့် နေပြီ။
သူမဘာသာ ကော်ဖီတစ်ခွက်မှာ သောက်နေတယ်။ ကျနော်ရောက်တော့ ခံစားချက်မဲ့တဲ့
မျက်လုံးနဲ့ ကြည့်နေခဲ့တယ်။ ကျနော်အသက်ပါပါ ပြုံးပြလိုက်ပေမယ့်
သူမနှုတ်ခမ်းတွေ နှုတ်ဆိတ်နေခဲ့တယ်။ ကျနော်တို့ အတန်ကြာနှုတ်ဆိတ်
နေခဲ့ကြတယ်။
" လမ်းခွဲတဲ့ အတွက်စိတ်မကောင်းပါဘူး..အဲဒီအတွ
က်လည်း ကျမ
မတောင်းပန်နိုင်ဘူး...." လို့သူမပြောခဲ့တယ်။ ကျနော်တို့ အတန်ကြာ
ဘာမှမပြော ဖြစ်ကြပြန်ဘူး။ ခဏကြာတော့ သူမလက်သန်းကြွယ်က ပလက်တီနမ်
လက်စွပ်လေးကို ချွတ်လိုက်တယ်။ ကျနော့်ကို လှမ်းပေးခဲ့တယ်။ ကျနော့်မှာ
ပြောစရာစကား ရှားပါးနေခဲ့တယ်။
" ကျမ သွားတော့မယ်..နှုတ်ဆက်ခဲ့ပါတယ်.." တဲ့။ ကျနော် သတိဝင်လာပြီး
သူမလက်ကို လှမ်းဆွဲ လိုက်မိတယ်။ ပြီးမှ ပြန်တောင်းပန် လိုက်တယ်။
" ကိုယ်တို့ စာရင်းရှင်းကြရအောင်..." ကျနော်ခပ်တိုတို ပဲပြောပြီး
အသင့်ယူထာတဲ့ မှတ်စုစာအုပ်လေး ကိုထုတ်လိုက်တယ်။
" လမ်းခွဲဇယား "
1.1st, June, ကျနော့်မွေးနေ့မှာသူ့ကိုပထမဆုံးလက်ဆောင်ပေးခဲ့တယ်။ (Sony
Ericsson Handset = 150$)
2. 3rd, June , KFC စားကြတယ်..( 30$ / 2= 15$ per each )
3. 15th, June , သူအိမ်ပြောင်းတာ ( Taxi = 25$ for 13 minutes )
4. 30th, June , သူ့အမေအတွက် CG Brand လက်ဆွဲအိတ် ( 45 $ )
5. 15th, July, သူငယ်ချင်း မင်္ဂလာဆောင်သွားဖို့ အင်္ကျီဖိုး ( 39 $ )
6. 30th, July ,အိမ်လခစဖော်ဖိုး ခုထိပြန်မပေးရသေး ( 300 $ )
7. 17th, October, passport သက်တမ်းတိုးဖို့ အခွန်ဆောင်ပိုက်ဆံမလောက်လို့
စိုက်ထားတာ ( 50 $ )
( မှတ်ချက်။ လကုန်ရင် လွဲမယ်ဆိုပြီး ခုထိမလွဲရသေး )
8. Hari Raya Haji Holiday >> Zoo သွားတော့ လက်မှတ်ခ ( သူမနဲ့
သူမရဲ့သူငယ်ချင်းအတွက် 20 $ )
9. Phone Card ဖိုး ( Total 5 cards = 8x5= 40$ )
( Date မမှတ်မိတော့...)
10. 2006-07 New Year Night ( Party ဖိုးသူ့အတွက်စိုက်ခ = 30$ )

" ချစ်သူအတွက်နှစ်ချုပ် "

စုစုပေါင်း ရည်းစားသက်တမ်း - June to December ( 7 Months )
စုစုပေါင်း ကုန်ကျငွေ - 702 $
Remarks - ရည်းစားသက်တမ်း ၇ လအတွင်း သူမလက်ကိုသာ ကိုင်ခိုင်းခြင်း။
( ရုပ်ရှင်လက်မှတ်ဖိုးများ ထည့်မတွက်ထားပါ။ ကျနော်က လက်မှတ်ဝယ်၍
သူမကမုန့်ဝယ်သော ကြောင့်ဖြစ်သည်။ )
" ဟင်..နင်..နင်.." သူမတုန်လှုပ် စွာကျနော့်ကို အော်ခဲ့တယ်။
" နောက်တစ်နှစ်အတွက်က ဟိုဘက်စာမျက်နှာမှာပါ...." လို့ကျနော်
သူမမျက်နှာကို မကြည့်ပဲ ပြောလိုက်တယ်။ ဖြတ်ကနဲ သူမလက်ညှိုးလေးနဲ့ 2007-08
နှစ်ချုပ်လေးကို တန်းခနဲ ထောက်ကြည့် လိုက်တယ်။
" 975$ and 50cents...ဟင် ပြားငါးဆယ်က ဘာအတွက်စွန်း နေရတာလဲ...." တဲ့။
" ချစ် ဒန်ပေါက်စားတဲ့နေ့ ကတစ်ရှူးလာရောင်းလို့ ၀ယ်လိုက်တာလေ..."
" ကို..ရယ်..အဲဒီလောက်တောင် မှတ်မိတာလားဟင်..." သူမပြောနေရင်း
မျက်ရည်ဝိုင်းလာခဲ့တယ်။ ချစ်သူ သက်တမ်း တစ်လျှောက်လုံး ခေါ်လာတဲ့ " ကို "
ဆိုတဲ့အသုံးအနှုန်း ရုတ်တရက် ပြန်ပေါ်လာ ခဲ့တယ်။ ရုတ်တရက် ဆိုသလို
သူမမျက်နှာထားတင်း လာပြန်တယ်။
" အေး ..ကောင်းပြီလေ....ငါ ..နင့်ကို လကုန်ရင် ဒီငွေတွေ
အားလုံးလွဲလိုက်မယ်..." သူမ ဒေါသသံနဲ့အတူ ငိုသံပါ ရောနေခဲ့တယ်။
" ကျန်သေးတယ်...." ကျနော်ခပ်ပြတ်ပြတ် ပြောမိလိုက်တယ်။
" ဘာလဲ..ဘာကျန်သေးလဲ..နင်ဘာပြန်လိုချင်သေးလဲ..." သူမနှုတ်ခမ်းတွေ
တစ်ဆတ်ဆတ် တုန်ရီလာခဲ့တယ်။
" လက်ထဲက လက်ကိုင်ဖုန်း၊ ပြီးတော့ ဒီဖိနပ်ကလည်း Anniversary တုန်းက
အမှတ်တရ ပေးခဲ့တဲ့ဟာမလား..."
သူမဆောက်တည်ရာမရ ထထွက်သွားခဲ့တယ်။ မြက်ခင်းပြင်ပေါ် ရောက်တော့
ဖိနပ်ချွတ်ပြီး ကျနော့် ရင်ဘတ်ကို ကောက်ပေါက်ခဲ့တယ်။ မိုးတွေကလည်း
သဲကြီးမဲကြီးပါပဲ ရွာနေလိုက်ကြတာ။ ကြည့်ကောင်းကောင်းနဲ့ ကြည့်နေတဲ့
ပွဲကြည့်ပရိသတ်တွေ လိုပဲ။ သူမလှည့်ထွက် သွားခဲ့တယ်။ သူမငိုနေတာ
ကျနော်မြင်နေရတယ်။ ကျနော်လည်း မတတ်နိုင်တော့ဘူး။
" ခဏ..ခဏ..."
သူမကိုက်စား လုမတတ်မျက်လုံးစိမ်းကြီးတွေနဲ့ လှမ်းကြည့်နေခဲ့တယ်။ သူမနဲ့
တော်တော် ဝေးတာတောင် အသက်ရှုသံတွေ ကြားနေရတယ်။ သူမပါးမှာ မိုးရေတွေလား၊
မျက်ရည်တွေလား ကျနော်မခွဲခြား တတ်တော့ဘူး။
" ထီးလည်း ပြန်ပေးခဲ့ဦး..."
" ဘာ !!!!!! "
သူမ ခန္ဓာကိုယ် ရုတ်တရက်ဆိုသလို မိုးရေထဲမှာ ယိုင်လဲသွားခဲ့ တော့တယ်။
ခုတော့ ဒီအကြောင်းတွေကို ကျနော်တို့ရဲ့ မြေးတွေ၊ မြစ်တွေ အထိနှစ်ယောက်သား
ဟာသ ပြောဖြစ်နေကြ ဦးမှာပါလေ။ စာဖတ်သူမောင်ဘွား မိတ်ဆွေတွေလည်း ချစ်သူက
လမ်းခွဲမယ်ဆို ထုတ်သုံးဖို့ လက်နက်လေးပြင်ဆင် ထားကြဦးနော့။ ဒါမှ
ချစ်သူကို အကြွေးနဲ့သိမ်းလို့ ရမှာ။

Your Freedom ဘယ်လိုသုံးမ

*** ဒီလမ်းညွှန်ဟာ ဖတ်ရင်းနှင့် လက်တွေ့လုပ်ရမှာ ဖြစ်ပါတယ်။ ***
Your Freedom ဆော့ဖ်ဝဲ ဘယ်လို install ပြီး သုံးရမယ် ဆိုတာ ပြောပြချင်တယ်။ ဆော့ဖ်ဝဲ download ပြီး install ပြီးပြီဆိုရင် ကွန်ပျူတာကို web proxy ဖြစ်စေမယ် ပြီးတော့ SOCKS proxy လည်းဖြစ်စေမယ်။

ဆိုလိုတာက အင်တာနက်ပေါ် သွားတဲ့အခါမှာ Your Freedom ဆာဗာကို အရင်သွားမယ် ပြီးမှ ခင်ဗျားသွားလိုတဲ့ ၀က်ဘ်ကိုပို့ပေးမယ်။ ခင်ဗျားလိုချင်တဲ့ အချက်အလက်တွေ ယူပေးပြီး ဆာဗာမှတဆင့် ခင်ဗျားကွန်ပျူတာဆီ သိုသိုသိပ်သိပ် အရောက်ပို့ပေးမယ်။

Your Freedom ရဲ့အားကောင်းချက်က ဘယ် web browser နှင့်မဆို သုံးလို့ရတယ် တခြား chating တွေ အေးမေးလ်ဆော့ဖ်ဝဲတွေ အွန်လိုင်းဂိမ်း ဆော့ဖ်ဝဲတွေနှင့်လည်း တွဲသုံးလို့လည်းရတယ်။

ကဲ စလိုက်ရအောင်

ဆော့ဖ်ဝဲ ရအောင်အရင် လုပ်ရမှာပေါ့ ခင်ဗျားကြိုက်တဲ့ web browser တစ်ခုခု ဖွင့်လိုက်ပါ ကျွန်တော် Mozilla’s Firefox သုံးတယ် www.your-freedom.net ကို သွားမယ်။

ဆော့ဖ်ဝဲအကြောင်း ပင်မစာမျက်နှာမှာ တွေ့ရတယ်။ Your Freedom က ဘာလဲဆိုတာ စုံစုံလင်လင် သိချင်ရင် Docs နှင့် FAQ ဖတ်လိုက်ပါ။ လွယ်လွယ်နှင့် နားလည်နိုင်အောင် သုံးစွဲသူလမ်းညွှန်မှာ ပြည့်ပြည့်စုံစုံ ဖော်ပြပေးထားတယ်။ အဲဒါတွေ ဆွဲချပြီး ကြည့်ဖို့ အကြံပြုပါရစေ။

အခုတော့ Downloads ကို သွားရအောင်။ Your Freedom မှာ account ရှိဖို့လိုတယ်နော်။ မရှိသေးဘူးဆိုရင် account အသစ်ဖွင့်လိုက်ပါ။ ကိုယ်ရေးကိုယ်တာ အချက်အလက်တွေ ပေးစရာမလိုပါဘူး။ ဒါဟာ ရွေးချယ်လို့ရပါတယ်။

ဆော့ဖ်ဝဲ အသုံးပြုဖို့ username နှင့် password တော့လိုတာပေါ့။ Windows နှင့် Mac အတွက် version တွေရှိတယ်။ ကျွန်တော် 12 MB ရှိတဲ့ Windows Full Installer ကိုရွေးမယ်။ Mirror US ကို နှိပ်လိုက်တယ်။ ဖိုင်သိမ်းထားဖို့ လိုလိမ့်မယ်။ ကျွန်တော် သိမ်းထားလိုက်ပြီ။ ခင်ဗျား save ကို နှိပ်လိုက်ပါ။ သိမ်းထားတဲ့နေရာ သွားပြီး install လုပ်ရအောင်။ Your Freedom အိုင်ကွန် အပေါ် နှစ်ချက်နှိပ်လိုက်မယ်။ Run နှိပ်မယ်။ Allow ကို နှိပ်မယ်။ ကျွန်တော် Windows Vista OS ကိုသုံးတယ်။ ဒီ Installation Wizard က တော်တော်ကောင်းတယ်။

Next ကို နှိပ်မယ် Install လုပ်တဲ့အခါ လက်ရှိသုံးသူ သို့မဟုတ် user အားလုံးသုံးရအောင် ရွေးလို့ရတယ်။ ကျွန်တော်က အားလုံးသုံးရအောင်ကို ရွေးလိုက်တယ် Default directory မှာပဲ install လိုက်တယ်။ Next ကို နှိပ်မယ်။ Desktop ပေါ်မှာ Shortcut ပေါ်အောင် ရွေးပြီးတော့ install လိုက်တယ်။ install လုပ်တာ သိပ်ကြာမှာ မဟုတ်ပါဘူး။

Start Your Freedom ကိုရွေးစရာ ပေးထားပါတယ်။ ကျွန်တော်က ကိုယ့်ဟာကိုလုပ်ချင်တော့ ရွေးစရာကို မရွေးပဲ Finish နှိပ်တယ် ပိတ်လိုက်မယ်။ Desktop ပေါ်က Your Freedom ဖွင့်တဲ့ အိုင်ကွန်လေးကို နှစ်ချက်နှိပ်ပြီး allow ကိုလည်း နှိပ်လိုက်ပါ။ ဘာသာစကား ရွေးရမယ့်နေရာရောက်ပြီ။ ကျွန်တော် English US ရွေးလိုက်တယ်။ ဒါဟာ Your Freedom ရဲ့ User Interface ပါပဲ။

ပထမ လုပ်ရမှာက အစီအစဉ်တွေ တည်ဆောက်ဖို့ပါ။ အစီအစဉ်လုပ်မယ့် ဒီနေရာမှာ ရွေးစရာအားလုံးရှိတယ်။ ၀ဘ်ဆိုက်တွေ သိုသိုသိပ်သိပ် ကြည့်လို့ရအောင် အနှီးဆုံး ဆာဗာ အခုရှာရမယ်။ Use wizard ကို နှိပ်မယ်။ wizard က ချိတ်ရမယ့် ဆာဗာတွေ ရှာပေးပါတယ်။ ဆာဗာတွေ ရှာတွေ့ပြီဆိုရင် Next နှိပ်မယ်။ ခင်ဗျား proxy သုံးထားတယ်ဆိုယင် ဒီမှာ proxy လိပ်စာထည့်ရလိမ့်မယ်။ ကျွန်တော် မသုံးဘူးဆိုတော့ ထည့်စရာမလိုဘူးပေါ့။ Try to auto-detect လည်းရွေးလို့ရတယ်။ Next နှိပ်လိုက်မယ်။ Your Freedom က စီစစ်မှုတွေ ကျော်လွှားနိုင်ဖို့။ ခြားနားတဲ့ ဆက်သွယ်ရေးဗျူဟာ သုံးတယ်။ next နှိပ်လိုက်မယ် အင်တာနက် သိုသိုသိပ်သိပ် သုံးနိုင်အောင် အနှီးဆုံးနှင့် အကောင်းဆုံး ဆာဗာတွေ ရှာပေးနေတယ်။

အသုံးပြုဖို့ အဆင်သင့်ဖြစ်တဲ့ထိ ဒီဟာကို ဒီတိုင်းခဏစောင့်မယ်။ ဒါတွေဟာ အသုံးပြုနိုင်တဲ့ ဆာဗာတွေပါပဲ။ ဆာဗာနာမည်ရယ် လိပ်စာရယ် ဘယ်နိုင်ငံက ဖြစ်တယ်ဆိုတာရယ်။ ဘာဆက်သွယ်ရေး နည်းဗျူဟာတွေ သုံးနိုင်တယ် ဆိုတာတွေပါပါတယ်။ ကျွန်တော်က US မှာ နေတာဆိုတော့ အနှီးဆုံးကို ရွေးလိုက်မယ်။ ကိုယ်ရွေးချင်တဲ့ ဟာပေါ်မှာ နှိပ်ပြီး next သွားမယ်။ ဒီနေရာမှာ ခင်ဗျား username နှင့် password ထည့်ရမယ်။ ခုနက ရထားပြီးသားနော် မရှိဘူးဆိုရင် Your Freedom website သွားပြီး ဖန်တီးလိုက်ပါ။ ရပြီဆိုရင် ထည့်လိုက်မယ်။ Next နှိပ်မယ် အားလုံးအဆင်ပြေရင် Save နှိပ်ပြီး exit နှင့်ထွက်လိုက်ပါ။

Save ပြီးမှ exit နော် Start the connection နှိပ်လိုက်မယ် Disconnect ဖြစ်ရင် reconnect ပြန်နှိပ်လိုက်ပါ။ လူသားဖြစ်မှန်း သိအောင်လို့ ဒီလိုလုပ်ခိုင်းတာပါ ဒီမှာပေါ်တဲ့ ဂဏန်းတွေ ရိုက်ထည့်ပြီး OK နှိပ်လိုက်ပါ။ ပွင့်နေတဲ့တံခါး အိုင်ကွန်တွေ့ရင် အချက်အလက် ရယူတာ ပို့တာတွေလုပ်နိုင်ပါပြီ User interface ဖွင့်ထားစရာ မလိုပါဘူး ပိတ်လိုက်လို့ရပါပြီ အောက်ညှာဘက်မှာ Your Freedom အိုင်ကွန်ရှိနေမှာပါ။

ချိတ်တာကို ရပ်လိုက်တာ ထွက်တာ right click နှိပ်ပြီးလုပ်လို့ရတယ်။ Show Your Freedom Window နှိပ်လိုက်ရင် user interface ပြန်တွေ့ရပြီပေါ့။

ဒါတွေကတော့ Your Freedom အသုံးပြုခြင်းပါပဲ။

အခြေခံ ကွန်ပျူတာ Virus များရှင်းလင်းခြင်း

တကယ်တမ်း ကွန်ပျူတာ ဗိုင်းရပ်စ် တွေကို ရှင်းလင်းရတယ်ဆိုတာ လွယ်ကူတဲ့ကိစ္စမဟုတ်သလို မိမိရဲ့ အဖိုးတန်တဲ့ အချိန်တစ်ချို့ကိုပေးဆပ်ကြရတာပါ။ ဘယ်ကွန်ပျူတာမှ Virus တစ်မျိုးတည်း ရတယ်ဆိုတာ မရှိပဲနဲ့ မိမိရဲ့အိမ်မှာ ပုရွက်ဆိတ်လေးတွေ ၀င်လာသလိုပါပဲ နောက်ဆုံး တပ်စုကြီးနဲ့ပဲ ပြန်လည်ထွက်ခွာသွားကြတာပါ။
Antivirus ဆိုတာ အကောင်းမွန်ဆုံး ကာကွယ်ရေး တပ်ဖွဲ့ကြီးဖြစ်တယ် သို့ပေမယ့်လည်း ၄င်း Antivirus က out of date ဖြစ်နေမယ်ဆိုရင် အသုံးဝင်တဲ့ antivirus program တစ်ခုဖြစ်လာမှာမဟုတ်ပါဘူး။ ဒီတော့ virus တွေကို ခုခံတိုက်ခိုက်ဖို့၊ virus ရှိမရှိဆိုတာ သိဖို့အတွက် သံသယဖြစ်ဖွယ်ရာ processing တွေ၊ ဖိုင်တွေကို သိဖို့လိုပါတယ်။ ဒီလို ဒုက္ခပေးနိုင်တဲ့ virus တွေကို config, taskmanager နဲ့ autoruns tools တွေနဲ့ ရှာဖွေကြရတယ်။ ဒါကြောင့် သံသယ ဖြစ်ဖွယ် process တွေကို မိတ်ဆွေတို့အနေဲ့ ရှာတော့မယ်ဆိုရင် ဒီ file က ဘယ်ကလာတာလဲ၊ registry keys တွေအတွက် လေးလံစေတဲ့ ဖိုင်တွေလား၊ ဘယ်လို services တွေကို အသုံးပြုနေလဲ၊ ဘယ် startup program တွေထဲမှာ ဘယ်လိုဖိုင်တွေအနေနဲ့ ၀င်ရောက် အသုံးပြုနေလဲဆိုတာကို သိဖို့လိုပါတယ်။ အကယ်၍များ virus ကို ရှင်းလင်းလိုက်ဖို့ ၂ နာရီလောက် အချိန်ကြာမယ်ဆိုရင် အဲ့လိုရှင်းလင်းလိုက်ဖို့ထက် Operating System ကိုပြန်လည်၍ အသစ်တင်လိုက်မည်ဆိုသော အချက်နဲ့ ညှိနှိုင်းရပါလိမ့်မယ်။ ဒါက အချိန်ကုန်မခံစေချင်တဲ့အတွက် ကြောင့်ပင်ဖြစ်သည်။
Virus ရဲ့ အဓိပ္ပါယ်။ အရိုးရှင်းဆုံး ဝေါဟာရတစ်ခုအနေနဲ့ Computer Virus ဆိုတာ သူကိုယ်တိုင် ဖိုင်တစ်ခုကို ဖန်တီးနိုင်တယ် ကူးယူနိုင်တယ်။ လုံခြုံရေး ဆိုင်ရာ program တွေကို စိန်ခေါ် ခြိမ်းခြောက်နိုင်တဲ့ အစွမ်းတွေရှိတယ်။ တစ်ချို့ virus တွေက သတ်မှတ်ထားတဲ့ ဖိုင်တွေကို delete လုပ်နိုင်တယ်၊ တစ်ချို့က user တွေ ကွန်ပျူတာရဲ့ password နဲ့ information တွေကို ခိုးယူနိုင်တယ်။ တစ်ချို့ကြပြန်တော့ မိမိရဲ့ ကွန်ပျူတာကို OS တက်မလာလောက်အောင် ဖျက်စီးမှု့လုပ်နိုင်ကြတယ်။ အကြမ်းဖျင်းအားဖြင့် - Virus = ကိုယ်တိုင် copy ကူးယူနိုင်သော file တစ်ခု Trojan = virus သို့မဟုတ် malware တွေပါဝင်သော program တစ်ခု Spyware = ကွန်ပျူတာ ကိုထိန်းချူပ်ခွင့်ရရန် သိုမဟုတ် ကြားဖေါက်ဝင်ရောက်နိုင်အောင် ဖန်တီးထားတော့ ဖိုင် သို့မဟုတ် program တစ်ခု Maleware = ကွန်ပျူတာအား ပိုင်ရှင်၏ ခွင့်ပြုချက်မရပဲ ပျက်စီးရာ ပျက်စီးကြောင်း ဖန်တီးနိုင်သော program Worm = Network အပေါ်မှာ လမ်းသလားသော virus
Virus ဖယ်ရှားခြင်း။ မိမိကွန်ပျူတာမှာ virus ရှိသည်ဟု ယူဆပါက Up to Date ဖြစ်နေသော Antivirus program တွေနဲ့ စစ်ဆေးပေးပါ။ Antivirus program က detect သိလို့ ဖယ်ရှားနိုင်တယ်ဆို ရင်တော့ ကံကောင်းတာပေါ့။ AV တွေ Detect သိတယ်.. Remove မလုပ်နိုင်တော့ဘူးဆိုရင်တော့ ဖြစ်နေတဲ action နဲ့ file ကို မှတ်သားထားပါ .. ပြီးရင် Search Engine မှာ ၄င်းဖိုင် နဲ့ ၄င်း virus ရဲ့ ဒုက္ခပေးပုံတွေကို ပြောဆို အကူအညီတောင်းပါ။ ပြီးလျင်လမ်းညွန်အတိုင်းဖြေရှင်းမှာ။ ဖြေရှင်းမှု့မလုပ်ခင်တိုင်းမှာ မိမိရဲ့ အရေးကြီးတဲ့ ဖိုင်တွေကို backup လုပ်ထားပါ။
Virus Detect မသိခဲ့ရင် ကွန်ပျူတာမှာ AntiVirus / AntiSpyware program တွေအနေနဲ့ Detect မသိဘူး သို့သော် ကွန်ပျူတာက အရင်အတိုင်းပဲ နှေးမြဲနှေးနေမယ်ဆိုရင်တော့ background processes တွေကို ကြည့်ရပါလိမ့်မယ်။ ဒီအတွက် special tool လေးတွေက အဓိက တာဝန်ထမ်းဆောင်ရလိမ့်မယ်။ ဥပမာ :- task manager, autoruns, process explorer and hijackthis တို့လိုပေါ့။
Checking Running Processes ကျွန်တော်တို့ PC တစ်လုံး Error ဖြစ်တယ်ဆိုရင် ပထမဦးဆုံးအကြိမ် task manager (Ctrl + Alt+ Del) ကို ခေါ်ကြည့်တယ်. ပြီးရင် ဘယ်လို file နဲ့ services တွေ Run နေလဲ Memory usage တွေဘယ်လောက်များများကို ဘယ်လို file တွေက အသုံးပြုနေလဲဆိုတာကိုကြည့်မယ်။ ပြီးရင် System Configuration Ultility (RUN>msconfig) က နေဘယ် serivces တွေ နဲ့ ဘယ်ဖိုင်တွေက Operating System (Windows ) startup မှာ ၀င်ရောက်နေလဲဆိုတာကိုပါကြည့်ပါ။အကယ်၍ starup မှာ ထူးထူးခြားခြား file အမည်လေးတွေနဲ့ ၀င်နေတာတွေ့ရင်
တို့မှာသွားပြီး ဖိုင်အမည်ကို ရိုက်ထည့်စစ်ဆေးကြည့်ပါ။ ဘာကြောင့်လဲဆိုတော့ တစ်ချို့ ဖိုင်တွေက system file တွေနဲ့ပုံစံတူတွေဖြစ်နေတတ်တယ်။ မိမိကွန်ပျူတာအတွက် အရေးမပါတဲ့ processes တွေကို end လုပ်ပါ။
System Configuration Utility
RUN dialog box မှာ msconfig ဆိုပြီးတော့ ရိုက်ထည့်လိုက် ပြီးရင် System Configuration Utility ဆိုတာပေါ်လာမယ်... ဒါကတော့ Microsoft Windows မှာဆိုရင် အကောင်းဆုံး ကွန်ပျူတာကိုပြင်ဆင်မှု့ပိုင်းမှာ အထောက်အကူပြုတဲ့ utility ပဲဖြစ်တယ်။ နောက်ဆုံး ဘာမှမသိဘူးပဲထား startup tab မှာ Disable All ဆိုတာကို နိုပ်မယ်။ နောက် Services tab မှာ Hide All Microsoft Services ဆိုတာကို အမှန်ခြစ်မယ်. ပြီးရင် Disable All ဆိုပြီးနိုပ် restart လုပ်လိုက်ရင် မိမိရဲ့ ကွန်ပျူတာ system ဟာပုံမှန်ထက်သိသိသာသာကို ကောင်းမွန်လာတာကိုတွေ့ရလိမ့်မယ်။ ဒီပုံစံနဲ့ တစ်ခါတစ်လေ ဘာ error မှန်းမသိ (အထူးသဖြင့် Software Conflict ဖြစ်၍ windows normal ၀င်မရခြင်း) တဲ့ ပြဿနာတွေကို F8 နိုပ်ကာ Safe Mode ထဲကနေ ပြင်ပြီးသုံးသွားရင်တောင် အဆင်ပြေပါတယ်။
All-in-one diagnostic Tools Autoruns
ဒီ software က Task manager, msconfig and the services list တွေ စသည့် system diagnostic အစုံပါတဲ့ freeware လေးတစ်ခုပါ။
Process Explorer
ဒါလေးကတော့ အပေါ်က ပုံစံပါပဲ.. သူ့ရဲ့ ထူးခြားချက်ကတော့ file တစ်ခုခြင်းစီအတွက် ကိုယ်ပိုင် ထိန်းချုပ်မှု့ပါ၊ CPU,IO,VM တွေအပြင် performace graphed တွေပါတယ်။
Hijack This
Technician တွေနဲ့ ကွန်ပျူတာ နဲ့နည်းစပ်သူတွေတော်တော်တော်များများသိကြတဲ့ Tool ပါ။ ဒါပေမဲ့ ၄င်းတို့မှာ ပါဝင်တဲ့ R0,R1,R2,R3 / F0,F1,F2,F3 / 01 / 04 / 23 စသည့် notable entries လေးတွေကို သတိမထားမိတတ်ပါဘူး။ R0,R1,R2,R3 ဆိုတာက အင်တာနက် အွန်လိုင်း အမှားအယွင်းတွေ၊ အထူးသဖြင့် Internet Browser တွေပေါ့... အသေးစိတ်ကို
Malware Bytes
Antivirus Program တွေက ၄င်းတို့ရဲ့ Virus Signiture တွေနဲ့ငြိတဲ့ ဖိုင်တွေကို စစ်မယ်၊ Anti Spyware တွေက Registry Entries မှာ ၄င်းတို့ Spyware အဖြစ်သတ်မှတ်ထားတဲ့ ဖိုင်တွေကို စစ်မယ်။ ဒါပေမဲ့ တစ်ချို့ malware တွေကို antivirus တွေ antispyware တွေ Detect သိသော်ငြားလည်း သူတို့ကို Delete မလုပ်ဘူး( Delete လုပ်ဖို့လည်း သူတို့မှာ Power မရှိသလို၊ System File လား၊ ဘာလား မခွဲခြားနိုင်ခြင်း၊ ၄င်း malware တွေနဲ့ familiar ဖြစ်နေခြင်း)။ (မှတ်ချက် - တစ်ချို့ Antivirus program တွေက အဲ့လို malware ရရင် တွေ့သမျှ အကုန်ဖျက်ပါတယ်...ဘာဖိုင်မှကိုမထားပါဘူး။ ပြီးရင်တော့ စက်တောင် မတက်တော့ဘူး။ မိမိရဲ့ ကွန်ပျူတာက malware ကိုက်လို့ ဘာမှမဖြစ်ပဲနဲ့ Antivirus run လိုက်မှ နောက်ဆုံး ရှိတဲ့ ဖိုင်လေးတွေပါ အကုန်ပြောင်သွားတတ်ပါတယ်။) ဒါကြောင့် ၄င်း malware တွေက မိမိရဲ့ Running System နဲ့ Applications တွေကို နည်းမျိုးစုံနဲ့ဒုက္ခပေး၊ application သုံးနေရင်းနဲ့ ရုတ်တရက်ပိတ်၊ error ကျ အဲ့လိုတွေဖြစ်လာတတ်တယ်။ ဒီအတွက် Maleware Bytes ဆိုတဲ့ software လေးက အဆင်ပြေဆုံးပါ။

စီစစ်ခြင်းနည်းပညာ


အင်တာနက် အသုံးပြုသူ၏ လုပ်ဆောင်မှုတွေကို စောင့်ကြည့်ခြင်းမှ ပိတ်ပင်တားမြစ်သော နည်းပညာအစုတစ်ခုဖြစ်သည်။
ကွန်ယက် ထိန်းချုပ်သူများသည် လိုသလို ထိန်းချုပ်နိုင်စွမ်း၊ တိကျမှုအဆင့်ဆင့် ပါဝင်သော နည်းပညာ များစွာဖြင့် ကွန်ယက်အတွင်း မည်သည့် နေရာကိုမဆို ပိတ်ပင်စေနိုင်သည်။ သာမန်အားဖြင့် အင်တာနက် စီစစ်ခြင်းတွင် software ကိုအသုံးပြု၍ အင်တာနက် အသုံးပြုသူ ဘာလုပ်နေသည်ကို ကြည့်ရန်နှင့် ကွန်ယက် ထိန်းချုပ်သူမှ မူဝါဒအရ ပိတ်ပင်သင့်သည်ဟု ယူဆ၍ လုပ်ဆောင်ချက်များ ပါဝင်သည်။ စီစစ်သူ သို့မဟုတ် စီစစ်စက်ကို အစိုးရ သို့မဟုတ် ပြည်တွင်း ဒေသအတွင်း အင်တာနက် ဖြန့်ဝေသူမှ ဖန်တီးလုပ်ဆောင် လေ့ရှိသည်။ အောက်တွင် သတိထားရမည့် စီစစ်ခြင်း (၄) မျိုးကို ဖော်ပြလိုက်သည်။

URL Filtering

ဝက်ဘ်လိပ်စာဖြင့် စီစစ်ခြင်းသည် တားမြစ် ပိတ်ပင်မှု တင်းကျပ်သော နိုင်ငံများနှင့် ဒေသများ အတွက် သတင်းအချက်အလက်များ ရယူခြင်းကို ပိတ်ဆို့သော နည်းလမ်းတစ်ခုမှာ ဝက်ဘ်ဆိုက်ဒ် အမည်ကို ပိတ်ဆို့ခြင်းဖြစ်သည်။ နာမည် တစ်ခုလုံးဖြစ်စေ ၎င်း၏အစိတ်အပိုင်း ကိုဖြစ်စေ ပိတ်ဆို့ခြင်းဖြစ်သည်။

တခါတရံတွင် အင်တာနက်ဆင်ဆာ အဖွဲ့သည် Web domain အချို့အား အပြီးအပိုင်ပိတ်ဆို့ခြင်းမျိုးရှိသည်။ အဘယ်ကြောင့်ဆိုသော် ထို domain ထဲတွင် ပါဝင်သည့် စကားလုံးများကို ကန့်ကွက်တားမြစ် သောကြောင့်ဖြစ်သည်။ ထို domain များကို နာမည်ဖြင့်ဖြစ်စေ IP number ဖြင့်ဖြစ်စေ ပိတ်ဆို့နိုင်သည်။ တခါတရံ အာဏာပိုင်များသည် domain တစ်ခုရှိ ပိတ်ချင်သော subdomains လေးများကိုသာ ပိတ်ဆို့ပြီး ကျန် domain တစ်ခုလုံး ကိုဖွင့်ပေးထားသည် အထိစီစီစစ်စစ် ရှိကြသည်။ ဥပမာ bbc.co.uk နှင့် www.bbc.co.uk ကို လွှတ်ပေးထားချိန်တွင် subdomain ဖြစ်သော news.bbc.co.uk ကို ပိတ်ထာလိမ့်မည်။

ထိုနည်းတူစွာပင် အကြောင်းအရာ တစ်ခုကို ပိတ်ဆို့ချင်သော်လည်း ထိုအကြောင်းအရာအား လက်ခံဖော်ပြထားသော domain ကိုမူကြည့်ရှုခွင့် ပေးထားတတ်သည်။ နောက်နည်းလမ်း တစ်ခုကတော့ လမ်းညွှန် နာမည်အား ပိတ်ပင်ခြင်းဖြစ်သည်။ ဥပမာ BBC အင်္ဂလိပ်ဘာသာ သတင်းကဏ္ဍကိုမူ ထိခိုက်မှုမရှိဘဲ အခြား နိုင်ငံခြားဘာသာ သတင်းကဏ္ဍများအား ပိတ်ဆို့ရန် bbc.co.uk/worldservice ရှိ “worldservice” အား ပိတ်ဆို့ခြင်း မျိုးဖြစ်သည်။ တချို့ Website များကိုနာမည်များမှာမူ ရိုင်းစိုင်းသော မနှစ်လိုဖွယ်ကောင်းသော အကြောင်းအရာများကြောင့် ရှာဖွေ့ ပိတ်ဆို့ခြင်းများရှိသည်။

သူငယ်ချင်း

အားငယ်နေတဲ့အခါ…
နှစ်သိမ့်..ဖေးမ…
စိတ်ဓါတ်တွေ တက်ကြွစေခဲ့တဲ့သူ……။

ဆုံးဖြတ်ရခက်တဲ့
အခြေအနေတွေကြုံတိုင်းလဲ..
ဖြစ်သင့်တာကို ညွှန်ပြ..
မိတ်ဆွေကောင်း ပီသခဲ့တဲ့သူ……..။

တစ်ယောက်ဘေးမှာ တစ်ယောက်ရပ်လို့…..
တစ်ယောက်အခက်အခဲ တစ်ယောက်ဖြေရှင်း….
နင်နဲ့..ငါ…
အမြဲတမ်းအတွက်…ထာဝရ သူငယ်ချင်းနော်…..။

အလွမ်းနက္ခတ်

ဘယ်လိုဂြိုလ်ဆိုးတွေကြောင့်လဲ….
လွမ်းခဲ့ရတာ ဆယ့်နှစ်ရာသီ…
ချစ်တတ်စကတည်းက အလွမ်းနဲ့ယဉ်ပါး….
ငါက….
အလွမ်းရာသီဖွားပါ………..။

ဇာတာကို တွက်ချက်….
စန်းယှဉ်တာက အလွမ်းနက္ခတ်တဲ့…
ကံကြမ္မာပြဌာန်း..
လွတ်လမ်းလဲ မရှိတော့ပါဘူး….

နိဂုံးမရှိတဲ့ဇာတ်လမ်း…
အဆုံးသတ်ရင် လွမ်းရမှာ သိပေမယ့်…
နာကျင်စရာတွေမေ့ပစ်…
တစ်ခါ ထပ်ပြီး ချစ်ချင်သေးတယ်……

ကြေမွသွားတဲ့ မျှော်လင့်ချက်တွေ..
မျက်ရည်လူးခဲ့ရတဲ့ အိပ်မက်ဦးတွေနဲ့…
မပြောဖြစ်ခဲ့တဲ့ ရင်ထဲကစကားတွေ…
အားလုံးကို မြိုသိပ်…
တိတ်တိတ်လေးပဲ မေ့ပစ်လိုက်တော့မယ်……..

သိပ်ချစ်တတ်ခဲ့ဘူးတဲ့….
ငါ့ရဲ့ နှလုံးသား….
ဒဏ်ရာတွေပဲ များများလာလို့….
ခုဆို..
တဖြည်းဖြည်း လုံးပါးပါးနေပြီ……

အတိတ်ဘ၀က..၀ဋ်ကြွေးမကင်း….
သူများချစ်ခြင်းတွေကို ခွင်းခဲ့ဘူးလို့များလား..
တစ်ခါ..တစ်ခါ..
ငါစဉ်းစားမိတယ်……..

စကားတင်းတွေ..ဘယ်လိုဆိုဆို….
မှားယွင်းမှုတစ်ခုလို..
အလွမ်းဆိပ်က..ချိုနေတာမို့…..
ကံဆိုးကောင်ရဲ့ ရင်ထဲ…
ဘယ်တော့မှ… မိုးမစဲနိုင်တာပဲ ထင်ပါရဲ့….

ရှိစေတော့လေ…
ဝဋ်ရှိသမျှ ခုဘ၀မှာ ကျေနိုင်ဖို့….
မီးပူဇော် .. ရေချမ်းဆက်…..
စနေထောင့်မှာ.. ပန်းကပ်မယ်……….

အထီးကျန် (၃)

လေနှင်ရာလွင့်ပါး
တိမ်တွေလို..
အဝေးကို ပျံသန်းသွားချင်တယ်….

မွန်းကြပ်ပိတ်လှောင်နေတဲ့…
သတ်မှတ်ချက်ဆိုတဲ့ ဘောင်တွေကြားမှာ…
ရုန်းကန်လှုပ်ရှားရင်း…
အင်အားတွေလဲ..
တစ်နေ့တစ်ခြား..နည်းပါးလာပြီ….

ရွေ့လျားနေတဲ့ ရာသီတွေနဲ့..
လည်ပတ်နေတဲ့ နာရီ..
စောင့်ဆိုင်းနေရတဲ့ မျှော်လင့်ချက်ရောင်နီတွေနဲ့…
နာကျင်ခြင်းတွေကို ထမ်းပိုး…..
နောက်ကျောက ဒဏ်ရာတွေလဲ တိုးသထက်တိုးလို့ပေါ့……

အများ..အမြင်မှားနေတဲ့…
လူဆိုးတစ်ယောက် ရင်ထဲကအမှန်တရား..
ဘုရားပဲ သိနိုင်မယ်ထင်ပါရဲ့….

ရှင်းမပြတော့ဘူး…
ငါ့ကို…..
ဘယ်လိုပဲ..တံဆိပ်ကပ်ကပ်..လေ
စကားလက်နက်နဲ့ သတ်တတ်တဲ့ ပါးစပ်တွေကို..
စိတ်ပျက်လာပြီ….

ငါ့အတွက်..ငါတွေး…
ငါ့ဘ၀လှဖို့…
ငါ့လက်နဲ့..ငါရေးလို့….
ငါ့ကိုယ်ငါ..တည့်မတ်…..
တစ်ယောက်ထဲ နေတတ်ပါတယ်….

ဘယ်လိုပဲ ဖြစ်ဖြစ်…
နစ်မွမ်းအောင် ဆွဲနှစ်ကြစမ်းပါစေ…
ပင်လယ်တွေ ကာကာ…
တောင်တန်းတွေ ဆီးဆီး…
မျှော်လင့်ခြင်း တိမ်တိုက်တွေကို စီးလို့…
အိပ်မက်တွေကို ဆုပ်ကိုင်..
ခရီးအဆုံးမှာ.. ငါ့အတွက်…
ရွှေရောင်တောက်ပတဲ့ ပန်းတိုင်ရှိတယ်……။

အမေ

အမေ...
တစ်နေ့ကျရင် ခွဲရမှာ သိပါတယ်...
ဒါပေမယ့်..
စိတ်ထဲမှာ......မေ့
အဲ့ဒီနေ့ကို မတွေ့ချင်ဘူး..အမေ...

ကျွန်တော့်ကို မမွေးခဲ့ရပေမယ့်...
အမေ တစ်ယောက်လို မေတ္တာနဲ့
နည်းလမ်းညွှန်ပြ..
လိမ္မာလာအောင်..ဆုံးမခဲ့တယ်...။

အမေ့..စကားတွေထဲက..
လူတွေရဲ့ စိတ်ထားတွေကို သိခဲ့တယ်...
အမေသင်ကြားပေးလို့..
ရင့်ကျက်စွာ.. တွေးတတ်ခဲ့တယ်......

အမေ..အထင်သေးမှာစိုးတဲ့ စိတ်နဲ့..
ကိုယ့်ကိုယ်ကို တည့်မတ်...
ခုဆို..ကျွန်တော်....
လူလိမ္မာလို နေတတ်နေပါပြီ......

အမေရေ...
ပြန်တွေးလိုက်ရင်..
ဆယ့်လေးနှစ်ဆိုတဲ့ အချိန်ကာလ
မနေ့ကလိုပဲနော်....

ကျောင်းတံခါးဝမှာ..
အမေ့အလာကို စောင့်...
အကြိုထောက်ခဲ့တဲ့ ရက်တွေကို
လွမ်းတယ်......

မဟောသဓာရဲ့ တရားစီရင်ခန်း..
အတူတူ..
သူခိုးဖမ်းခဲ့တာတွေ...

ရေသည်ယောင်္ကျားရဲ့ အဿပြာပဲဝက်..
မြို့ရိုးကြားမှာ..
သွားဖွက်ခဲ့ကြတာတွေ...

အမေဖတ်ပြတဲ့..
သင်ခန်းစာတွေကို..မှတ်သား..
ကျွန်တော်တို့ရဲ့ကျောင်းသားဘ၀တွေကို....
ဖြူစင်စွာနဲ့ ဖြတ်သန်းခဲ့ကြတယ်......

လူ့ဘ၀ရဲ့...
ကောက်ကွေ့တဲ့ လမ်းတွေကြားမှာ..
ရှင်သန်လှုပ်ရှားရင်း...
ခုချိန်မှာတော့...
ကျွန်တော်တို့စိတ်တွေ... ညစ်ပေနေကြပြီ..အမေ.....

ဒါပေမယ့်...
ဘယ်အခြေအနေရောက်ရောက်...
အမေ့အိမ်တံခါးကို ခေါက်လိုက်တာနဲ့....
နွေးထွေးစွာ ကြိုဆို...
အမေ့အပြုံးက ..
ငယ်ငယ်တုန်းကအတိုင်း..နုပျိုဆဲလေ......

ကြယ်လေးတွေ..အရောင်လက်ဖို့အတွက်..
ကောင်းကင်ကြီးလိုအပ်သလို...
ငှက်ကလေးတွေ....ပျံသန်းဖို့အတွက်...
လေဟာနယ် လိုအပ်ပါတယ်......

ငါးလေးတွေ....အသက်ရှင်ဖို့အတွက်..
ရေပြင်ကျယ် လိုအပ်သလို.....
ကျွန်တော်တို့တွေ..လိမ္မာလာဖို့အတွက်..
အမေ့ဆုံးမစကားတွေ လိုအပ်ပါတယ်.........

အမေရေ..
နောင်နှစ်ပေါင်းများစွာတိုင်..
စိတ်ချမ်းသာ..ကိုယ်ကျန်းမာစေဖို့...
အဝေးရောက်နေတဲ့...သား..အားလုံးကိုယ်စား....
ဒီစာကို..ပါးလိုက်ပါတယ်......
အမေ..ပျော်ရွှင်ပါစေ..............................။

အလွမ်းကဗျာ

ချစ်သူ...
မြတ်နိုးခြင်းတွေ..တစ်ပွေ့တစ်ပိုက်...
လေညင်းလေးနဲ့ ပို့လိုက်တယ်...
ချစ်သူခံစား..
လွမ်းဆွတ်မှုတွေ ပြေစေသားကွယ်.......။

အနားမှာ..နေ...
တစ်ဖ၀ါးမှ..မခွဲခွာချင်ပေမယ့်...
အခြေအနေ..မပေးလို့...
တို့တွေ...ဝေးနေကြရဦးမယ်........။

ဘယ်ကို..ရောက်ရောက်..
ဘယ်လောက်..ဝေးဝေး...
ပြန်ဆုံမယ့်နေ့ကို တွေးလို့...
လက်ချိုးရေတွက်..
ပြက္ခဒိန်တွေ..ကျော်ဖြတ်ကြမယ်နော်......။

ပြန်တွေ့တဲ့အခါ...
လွမ်းခဲ့ရတာတွေကို.အတိုးချ..
အရင်တုံးကထက်.. ပိုပြီး ချစ်ကြမယ်....

ပြန်တွေ့တဲ့အခါ...
သိမ်းဆည်းထားတဲ့...စကားတွေ..
နှစ်ကိုယ်ကြား..ပြောကြမယ်...

ပြန်တွေ့တဲ့ အခါ..
ကဗျာတွေ အတူတူရေးလို့..
နီးစပ်ဖို့အရေး..ဆွေးနွေးကြမယ်......

ချစ်သူရေ..
တစ်နေ့ထက် တစ်နေ့..ပိုပိုဆိုး...
အချစ်စိတ်တွေက..တိုး.တိုးလာတာမို့..
တူနှစ်ကိုယ် နီးဖို့အရေး...
ကိုယ့်အနားကို.. အမြန်ဆုံးပြေးလာခဲ့ကွယ်.....

Thursday, 15 March 2012

အင်တာနက်လိုင်းနှေးကွေးနေစဉ် Windows VPS မှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက် သုံးနိုင်မည့် ဝန်ဆောင်မှုတစ်ရပ်စတင်

အင်တာနက်လိုင်းနှေးကွေးနေစဉ်အတွင်း မြန်နှုန်းမြင့် အင်တာနက် သုံးနိုင်မည့် ဝန်ဆောင်မှုတစ်ရပ်ကို စတင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံရှိ Data Center တွင် တိုက်ရိုက်ထားရှိသော Hyper-V Windows Virtual Private Server (VPS) နည်းပညာဖြင့်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။ မိမိရဲ့ကိုယ်ပိုင် Computer တစ်လုံး၊ ဒါမှမဟုတ် Sever တစ်လုံး ကို Data Center တွင် တိုက်ရိုက်ထားရှိသလိုမျိုး အသုံးပြုသူကိုယ်တိုင် တိုက်ရိုက်အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။
အသုံးပြုသူတွေအနေနဲ့ ကွန်ပျူတာတိုင်းမှာပါရှိတဲ့ Remote Desktop Software ကိုအသုံးပြုပြီး အင်တာနက်ချိတ်ဆက်မှုရှိတဲ့ မည့်သည့်နေရာကမဆို မိမိကိုယ်ပိုင် VPS အား အချိန်မရွေး ဝင်ရောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ Windows VPS မှာ ရရှိမယ့် အင်တာနက်မြန်နှုန်း (Internet Speed) ကတော့ Data Center ရဲ့Network Backbone နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့် Gbit Speed ကို Download/Upload ရရှိနိုင်မှာ ဖြစ်ပါတယ် ဟု ၎င်းစနစ်ကို ဝန်ဆောင်မှုပေးသည့် Myanmar VPSမှ တာဝန်ရှိသူက ပြောသည်။ စတင်အသုံးပြုလိုသူများ အနေဖြင့် www.myanmarvps.comတွင် Register ပြုလုပ်ရမည်ဖြစ်ပြီး ၂၄ နာရီအတွင်း အသုံးပြုနိုင်သည့် IPလိပ်စာ၊ User Name, Password တို့ကို အကြောင်းပြန်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
အသုံးပြုသူ၏ Windows VPS တွင် မိမိ၏ကွန်ပျူတာကဲ့သို့ အသုံးပြုလိုသည့် application မှန်သမျှကို ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး အချက်အလက် လုံခြုံမှုအတွက်လည်း စိတ်ချရသည်ဟုဆိုသည်။ ကိုယ်ပိုင်ကွန်ပျူတာလိုပဲ ကြိုက်သလို စီမံခန့်ခွဲလို့ ရပါတယ်၊ အင်တာနက် ရှိတဲ့ဘယ်နေရာ သွားသွားဖွင့်ပြီး အသုံးပြုနိုင်မှာမို့လို့ ကွန်ပျူတာကိုအလေးခံပြီး သယ်ယူသွားစရာ မလိုအပ်တော့ပါဘူး။ ဒါ့အပြင် Sever ဝန်ဆောင်မှုတွေဖြစ်တဲ့ Virtual Private Network (VPS) တည်ဆောက်လိုသူများ၊ Web Hosting ဝန်ဆောင်မှုတွေကို ဆောင်ရွက်လိုသူတွေ အသုံးပြု နိုင်ပါတယ်။ ပြီးတော့ Windows VPS ကို အသုံးပြုဖို့ Internet Speed ကောင်းဖို့ မလိုအပ်ပါဘူး။ အင်တာနက်လိုင်းနှေးကွေးနေစဉ်မှာတောင် အသုံးပြုလို့ရပါတယ်ဟု ၎င်းကဆက်လက်ပြောကြားသည်။ ၎င်းဝန်ဆောင်မှုနဲ့ ပတ်သက်၍ အသေးစိတ်သိလိုသူများအနေဖြင့် www.myanmarvps.com တွင် လေ့လာကြည့်ရှုနိုင်ပြီး ဖုန်း-၅၁၀၅၅၄ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

ရန်ကုန်မြေပုံ လမ်းညွှန်စနစ်အား မိုဘိုင်းဖုန်းများတွင် အခမဲ့စတင်ထည့်သွင်းနိုင်

ရန်ကုန်မြေပုံ လမ်းညွှန်စနစ်အား မိုဘိုင်းဗားရှင်းအဖြစ် မိုဘိုင်းဖုန်းများတွင် အခမဲ့စတင်ထည့်သွင်းနိုင်ပြီ ဖြစ်ကြောင်း အင်မိုင်ခကုမ္ပဏီမှ ဦးမိုးသန့်ဦးကပြောသည်။ ရန်ကုန်မြို့လုပ်ငန်းအများစုရဲ့ တည်ရှိရာနေရာများကို မြေပုံနှင့်တကွ ဖော်ပြသည့် အဆိုပါစနစ်ကို PC နှင့် Mobile(Android) Version အတွက် အခမဲ့ရယူနိုင်မည်ဖြစ်သည်။ လတ်တလော လူကြီးမင်းနှင့် Mr.Fone မိုဘိုင်းဖုန်းဆိုင်တွေမှာရယူနိုင်ပါတယ်။
နောက်ပိုင်းဖုန်းဆိုင်တွေအားလုံးမှာ ရယူဖို့အတွက် ဆောင်ရွက်နေပါတယ်ဟု ၎င်းကပြောပါတယ်။ ရန်ကုန်မြို့နှင့်ပတ်သက်သည့် လုပ်ငန်းလိပ်စာ၊ အချက်အလက်ပေါင်း ၁သိန်းနီးပါးကို အဆိုပါစနစ်တွင်ထည့်သွင်းထားသည့်အပြင် မန္တလေးမြို့နှင့်ပတ်သက်သည့် လုပ်ငန်းလိပ်စာ၊ အချက်အလက်ပေါင်း ၃ သောင်းနီးပါးကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။ အဆိုပါစနစ်ထည့်သွင်းခြင်းအားဖြင့် မိုဘိုင်းဖုန်းများအတွင်းတွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို တစ်နေရာတည်းတွင် သိရှိနိုင်မည် ဖြစ်ပြီး Google, Yahoo, MSM ကဲ့သို့သော ဝက်ဘ်ဆိုက်များကဲ့သို့ Search Engine Server ကို အသုံးပြုထားကြောင်းသိရသည်။

သူငယ်ချင်းအားလုံးကို ဒီဓာတ်ပုံလေးနဲ့ ပက်သက်ပြီး ဗဟုတုတ မျှဝေချင်ပါတယ်...




ဒီဓာတ်ပုံလေးရဲ့  အဖြစ်ပျက်ကလေးဟာ (1988) စက်တင်ဘာလ (19)ရက်နေ့ ကပါ။ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့တဲ့ ရဟန်းရှင်လူ၊ကျောင်းသားနဲ့ ပြည်သူတွေကို စစ်တပ်က လက်နက်နဲ့ အကြမ်းဖက်နှိမ်နင်းခဲ့လို့  ရန်ကုန်မြို့  မဟဗန္ဒုလပန်းခြံအလွန် ဆူးလေဘုရားလမ်းနဲ့  ကုန်သွယ်လမ်းထောင့်မှာ သွေးတန်အလိမ်းလိမ်းနဲ့  သနားစရာ မဝင်းမော်ဦး ရဲ့  ခန္ဒာကိုယ်ကိုသယ်ဆောင်လာသူ ဆရာဝန်(၂) ဦးကတော့ နောက်မှ ခန္ဒာကိုယ်ကို ပွေ့ ချီထားသူကတော့ ဒေါက်တာမင်းသိဏ်း ဖြစ်ပြီး ရှေ့ မှ ခြေထောက်ကိုင်ပွေ့ ချီလာသူကတော့ ဒေါက်တာစောလွင် ပဲ ဖြစ်ပါတယ်။ သူတို့ နှစ်ဦးလုံးဟာ သုဝဏ္ဏ္ဏ မှဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လေးစားဖွယ်ဆရာဝန် ၂ ဦးရဲ့  အဖြစ်ပျက်လေးကတော့....

ဒေါက်တာမင်းသိဏ်း ဟာ အရေးခင်းအပြီး တောခိုရာကနေ ပြန်လာချိန်မှာ ဦးခင်ညွန့် ရဲ့  သတင်းစာရှင်းလင်း ပွဲမှာ ပြောကြားတဲ့  "တောထဲက ပြန်လာသူတွေကို အရေးမယူပါဘူး သူတို့ ကို သတင်းပို့ပါ " ဆိုတဲ့  စကားကို ယုံစားပြီး သတင်းပို့ လိုက်ပါတယ်။ အဲဒီနောက် ထောက်လှမ်းရေးက လာခေါ်သွားပြီး (၁)ပတ်လောက်အကြာမှာပြန်ရောက်လာခဲ့တဲ့ အခါ ဒေါက်တာမင်းသိဏ်းရဲ့  မျက်နှာဟာ ဖောနေပြီး စီး သွားလို့ မရတော့ပဲ အသက်ရှူ လို့ လည်းမဝတော့ပါဘူး ။ ဒေါက်တာစောလွင် လာရောက်မေးတဲ့ အခါမှာတော့ သူ့ ကိုစစ်ကြောရေးက အမည်မသိတဲ့  ဆေးတစ်လုံး ထိုးပေးတဲ့ အကြောင်း အဲဒိဆေးရဲ့ affect လို့ ထင်ကြောင်းနဲ့  ယခုအခါမှာ စီး သွားလို့ မရကြောင်းနဲ့  အသက်ရှူအရမ်းကြပ်လာ ကြောင်းပြောပြပါတယ်။ ဒါကြောင့် ဒေါက်တာစောလွင်လည်း ဆေးရုံတင်ဖို့ ကြိုးစားချိန်မှာ ထောက်လှမ်းရေးကရောက်လာပြီး ဆေးရုံတင်လျှင် သူတိုစစ်ဆေးရုံ ပဲ တင်ခွင့် ရှိကြောင်း ပြောဆိုပါတယ်။ ဒေါက်တာမင်းသိဏ်းလည်း စစ်ဆေးရုံဆိုလျှင် မတက်ချင်ကြောင်းပြော၍ ဒေါက်တာစောလွင်ကုသသော်လည်း ရောဂါအခြေအနေ ဆိုးလာပြီး စီးမှသွေးများပါလာကာ အိမ်မှာပဲ ဆုံးသွားရှာပါတယ်။ ဒေါက်တာစောလွင်လည်း ထောက်လှမ်းရေးကို လုံးဝ အကြောင်းမကြားဘဲ ဆေးရုံတင်၍ခွဲ စိတ်ကြည့်ရာ ဒေါက်တာ မင်းသိဏ်းရဲ့ ကြောက်ကပ်ဟာ လုံးဝသေးပြီး ကျူံကျူံလေး ဖြစ်နေတာကို တွေ့ ရပါတယ်။

သူငယ်ချင်းဖြစ်သူ ဒေါက်တာမင်းသိဏ်း သေဆုံးရတဲ့  ဇစ်မြစ်ကို သိသူ ဒေါက်တာစောလွင် ဟာ ထောက်လှမ်းရေးမှလိုက်လံ ရှာဖွေနေတာကြောင့် တိမ်းရှောင်ခဲ့ ပါတယ်။ ၁၉၉၄ ခုနှစ်လောက် ဖခင်ဖြစ်သူ ရဲ့  အသုဘ ကို လိုက်ပို့ ရာမှ အပြန်ထောက်လှမ်းရေးမှ ဘာမှမလုပ်သည့်အတွက် ကိစ္စ ပြီးဆုံးသွားပြီး ထင်၍ အလုပ်ပြန်လျှောက်ခဲ့ ရာဘိုကလေးဘက်တွင် တာဝန်ကျခဲ့ပါတယ်။ ၁၉၉၅ လောက်မှာ သူဟာ အလုပ်မှ ခွင့်ယူ၍ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံခွင့်ရရန် ရန်ကုန်သို့ သွားခဲ့ သော်လည်း အကြောင်းကြောင်းကြောင့် မတွေ့ ဆုံခဲ့ ရပါဘူး။ ဘိုကလေးသို့ ပြန်ရောက်ချိန်မှာတော့ သူ့ ကို ထောက်လှမ်းရေး(၃) ယောက်လာခေါ်ပြီး စစ်ကြောရေးသို့ ခေါ်ဆောင်သွားခဲ့ ပါတယ်။ (၁)ရက်နဲ့  (၁)ည ကြာပြီး ပြန်ရောက်ချိန်မှာတော့ သူဟာမည်သူ့ ကိုမှ စကားမပြောတော့ ပါဘူး။ နေ့ တိုင်း မ.ဝ.တ ရုံးကို သွားသွား သတင်းပို့ နေရတဲ့  ဒုက္ခကိုလည်း သူအတော်လေး စိတ်ဓာတ်ကျလာပါတယ်။ သူငယ်ချင်းတစ်ယောက်က အတင်းမေးတဲ့ အခါမှာတော့ သူ့ မှာ အတော် စိတ်ညစ်စရာကောင်းတဲ့ ကိစ္စတစ်ခုရှိကြောင်းနဲ့ သူ့ ကြောင့် တခြားလူများကို ထပ်ပြီး ဒုက္ခရောက်မှာမလိုလားကြောင်းပြောပါတယ်။ အဲဒိနောက်မှာတော့ သူဟာ မည်သူနဲ့ မှစကားမပြောတော့ဘဲ အခန်းတခါးပိတ်ပြီး ပဲနေပါတော့တယ် (၁)ရက်(၂) ရက်လောက်အကြာသူငယ်ချင်းတွေ ချောင်းကြည့်ချိန်မှာတော့ သူ့ ပစ္စည်းလေးတွေ သိမ်းနေတာကြောင့် ရန်ကုန်ကိုပဲ ပြန်မလား တစ်နေရာရာကိုပဲ သွားတော့မလို့ လား ဆိုတဲ့ အတွေးနဲ့  ဒီအတိုင်းထားလိုက်ပါတယ်။ နောက်ရက်တွေမှာ လုံးဝ လုပ်ရှားမှူမရှိလို့  သူ့ အခန်းတံခါးတွေကို ရိုက်ချိုးပြီး ဝင်ကြည့်တော့ ဒေါက်တာစောလွင်ဟာ ကြိုးဆွဲချ ပြီး သူ့ ကိုယ်သူ စူစိုက်လုပ်၍ သေဆုံးနေပါပြီ။

ကိုလူထွေး ရဲ့ ဘလော့မှ အသံဖိုင်လေးကို ပြန်လည် ရေးသားထားခြင်းဖြစ်ပါကြောင်း။
အသံဖိုင်လေးကို ဒီနေရာမှာ http://koluuhtwe.blogspot.com/search/label/%E1%80%95%E1%80%B1%E1%80%9F%E1%80%A0%E1%80%AD သွားရောက်နားဆင်နိုင်ပါတယ်။ တဆက်တည်းမှာပဲ သူငယ်ချင်းများ ထောက်လှမ်းရေးရဲ့  စစ်ဆေးပုံစစ်ဆေးနည်းများကိုဒီနေရာမှာ http://photayokeking.net/Articlesmm/second-lake.html သွားရောက်ပြီး ဖတ်ရှူ့ လေ့လာနိုင်ပါတယ်။


အားလုံးကို ခင့်တဲ့
ချက်ကြီး



ဓာတ်ပုံပဟေဠိ



ဒီဓာတ်ပုံအကြောင်း ဘယ်သူဘာပြောနိုင်သလဲ...?
ထုံးစံအတိုင်း "ဘ" ခြောက်လုံးကို ဖြေပေးရမှာဖြစ်ပါတယ်။

ဒီပုံမှာ 'ဘာကို' ပြနေတာလဲ
ဒီပုံဟာ 'ဘယ်တုန်းက' ဖြစ်ပျက်ခဲ့တာလဲ
ဒီအဖြစ်ဟာ 'ဘယ်နေရာ' မှာ ဖြစ်ပျက်ခဲ့တာလဲ
ဒီပုံမှာပါသူတွေဟာ 'ဘယ်သူ' တွေလဲ
ဒီပုံထဲက အဖြစ်အပျက်ဟာ 'ဘာကြောင့်' ဖြစ်ခဲ့တာလဲ
ဒီပုံထဲမှာ ပါသူတွေဟာ နောက် 'ဘယ်လို' ဆက်ဖြစ်သွားသလဲ..

The chinese school in Mandalay

ဒီဟာက ကျတော့သူငယ်ချင်းရဲ့ blogထဲမှာ တွေ့လို့ ကျတော်ကြိုက်လွန်းလို့ အားလုံးနှစ်သက်မယ်လို့ရည်ရွယ်ပြီးတင်ပေးထားပါတယ် မူရင်းနေရာ

The chinese school in Mandalay

ယခုခေတ်လူငယ်များတွင် English စာမှလွဲ၍ အခြားသော ဂျပန်၊ တရုတ်၊ကိုရီးယား၊ ပြင်သစ် စသော

နိုင်ငံခြားဘာသာစကားများသည် အလွန်ရေပန်းစားလျက်ရှိသည်။ ၄င်းတို့အနက်

တရုတ်ဘာသာစကားနှင့်ပက်သက်၍ ရေးသားလိုပါသည်။ ကျတော်သည် တရုတ်စာတဖက် မြန်မာစာတဖက်

သင်ကြားနေသော ရုမ်းတရုတ်လူမျိုးတစ်ဦး ဖြစ်ပါသည်။ တရုတ်စာသင်ကြားခြင်းကိုအချို့က

ခက်သည်ဟုထင်နေကြပါသည်။ သို့သော် ကျတော်တို့အနေဖြင့် တရုတ်စာကို ငယ်စဉ်ကတည်းက

သင်ကြားလာရခဲ့၍လားတော့မသိ တရုတ်စာကိုခက်ခဲသည်ဟုမထင်ပေ။ တရုတ်စာနှင့်ပက်သက်၍

တချို့မြန်မာနိုင်ငံသားများ လေ့လာလိုက်စားသူများလည်းရှိနေပါပြီ။ ရန်ကုန်နှင့်

အခြားမြို့

များတွင်တရုတ်စာတတ်လျှင်လခပို၍ရသောအခွင့်အရေးများလည်းရှိနေပါပြီ။ထို့အတူသတင်းစာအမြောက်အ

များတွင်လည်း တရုတ်စကားပြောသင်တန်းများကို ဖွင့်လှစ်လျက်ရှိပါသည်။ ထို့ကြောင့်

မြန်မာနိုင်ငံ၊မန္တလေးမြို့တွင် ရှိသောတရုတ်ကျောင်းများအကြောင်းကို တင်ပြပေးစေလိုပါသည်။

မန္တလေးမြို့တွင် အရှေ့၊ တောင်၊ မြောက်၊ မြို့သစ် ဟူ၍ ကျောင်းကြီးလေးကျောင်း ရှိပါသည်။
အရှေ့ကျောင်းသည် အကြီးဆုံးကျောင်းဖြစ်ပါသည်။ မြန်မာနိုင်ငံရှိတရုတ်ကျောင်းများသည်

အတန်းအားဖြင့် ၁၂တန်း ခွဲထားပါသည်။ ထို့နောက် သက်ဆိုင်ရာစာမေးပွဲများ ဖြေဆိုပြီး

ထိုင်ဝမ်ရှိ သက်ဆိုင်ရာ တက္ကသိုလ်သို့တက်ရောင်နိုင်ပါသည်။ တရုတ်ကျောင်းသည်

မြန်မာကျောင်းနှင့် အနည်းငယ်ကွာခြားချက်များရှိပါသည်။ တရုတ်ကျောင်းကို တစ်နေ့ကို

မနက်ပိုင်းနှင့်ညနေပိုင်းဟူ၍ နှစ်ချိန်ခွဲထားပါသည်။ မနက်တွင် အချိန်မရှိသူသည်

ညနေပိုင်းသို့ပြောင်းတက်ခွင့်ရပါသည်။ တစ်ရက်လျှင် ၂ရာရီ

ဖြင့်ခြောက်ရက်တက်ရပါသည်။တရုတ်ကျောင်းတွင်သူငယ်တန်းအနေဖြင့် ၂နှစ်တက်ရပါသည်။ ၁နှစ်လျှင်

ပိုင်းလေး နှင့် ပိုင်းကြီး ဟူ၍နှစ်မျိုးရှိပါသည်။ ထို့ကြောင့် သူငယ်တန်းကို

လေးပိုင်းခွဲ၍တက်ရပါသည်။ များသောအားဖြင့် စနေနေ့( မြန်မာကျောင်းပိတ်ရက်)တွင် ယူနီဖောင်း

(အင်္ကျီအဖြူနှင့်ဘောင်းဘီနက်ပြာ) ကိုတစ်ကျောင်းလုံးဝတ်ဆင်ရပါသည်။ တစ်ခါတစ်ရံ စနေနေ့(

မြန်မာကျောင်းပိတ်ရက်)တွင် အချိန်ပိုတက်ရသောနှစ်များလည်းကြုံရပါတတ်ပါသည်။ ထို့နောက်

ပထမတန်းမှ ဆယ့်နှစ်တန်း အထိ ပိုင်းလေး နှင့် ပိုင်းကြီးခွဲ၍ တက်ရပါသည်။ ဥပမာပေးရသော်

ပထမတန်းကို တစ်နှစ်တိတိတက်ရမည်ဆိုပါလျှင် ၆လကို ပိုင်းလေး ကျန်၆လကို

ပိုင်းကြီးအဖြစ်တက်ရပါသည်။ ပိုင်းလေးတွင် ပထမအစမ်း စာမေးပွဲနှင့် စာမေးပွဲကြီးဟူ၍

စာမေးပွဲ နှစ်ကြိမ်ဖြေဆိုရပါသည်။အတန်းများအားလုံးကိုခြုံ၍ ပြောရလျှင် ၆ဘာသာ

ဖြေဆိုရပါသည်။ ပထမအစမ်း စာမေးပွဲ ဖြေဆိုပြီးလျှင်ကျောင်းမပိတ်ဘဲ

စာမေးပွဲကြီးဖြေဆိုပြီးလျှင် ကျောင်း(၁)လ ပိတ်ပါသည်။ ထို့နောက်

ပထမတန်းပိုင်းကြီးကိုဆက်၍တက်ရောက်ရပါသည်။ ပိုင်းလေးအတိုင်း စာမေးပွဲ များဖြေဆိုပြီးမှ

ဒုတိယတန်းကို တက်ရောက်ရပါသည်။ ဖြေဆိုရသည့်ဘာသာများကို ရှင်းရှင်းလင်းလင်း

ပြန်လည်တင်ပြစေလိုပါသည်။ (၁၊၂၊၃) တန်းအထိ တရုတ်စကား၊ သမိုင်း၊ ကဗျာ နှင့် ပက်သက်သော

ဘာသာကတစ်မျိုး၊ သင်္ချာဘာသာ၊ ဗုဒ္ဓဘာသာ ၊

၊စုတ်တံဖြင့်စာရေးရသောဘာသာ၊၀ါကျရေးသားဆိုင်ရကျွမ်းကျင်မှုဘာသာ စသည်ဖြင့်

ဘာသာငါးမျိုးကိုဖြေဆိုရပါသည်။ ထို့နောက် (၄၊၅၊၆) တန်းအထိ တရုတ်စကား၊ သမိုင်း၊ ကဗျာ

နှင့် ပက်သက်သော ဘာသာကတစ်မျိုး၊ သင်္ချာဘာသာ၊ ပက်ဝန်းကျင်နှင့်ပက်သက်သောစာရိတ္တပညာ၊

စုတ်တံဖြင့်စာရေးရသောဘာသာ၊ စာစီစာကုံးရေးသားရသော ဘာသာဟူ၍ ဘာသာငါးမျိုးကိုဖြေဆိုရပါသည်။

ခြေက်တန်းပြီးဆုံး သွားလျှင် အခြေခံပညာ ဘွဲ့တံဆိပ်ကိုပေးအပ်ပါသည်။

ပြိုင်ပွဲများအနေဖြင့် အတန်းလိုက် နံရံကပ်ဆိုင်းပုတ် များကို ယှဉ်ပြိုင်ကြရပါသည်။

၎င်းဆိုင်းဘုတ်ပေါ်တွင် အကောင်းဆုံးစာစီစာကုံးများ ၊ ကဗျာများ၊ ပန်းချီများ ၊

တီထွင်ဖန်တီးမှုများ စသည်ဖြင့်ပန်းအလှဆင်ကာ ယှဉ်ပြိုင်ရခြင်းဖြစ်ပါသည်။ ထို့နောက်

ပျော်ပွဲစားများ၍ ကစားနည်းမျိုးစုံ ကစားကာ ဘွဲ့နှင်းသဘင် ကိုဆင်နွှဲကြပါသည်။

ကျောင်းသားများအနေဖြင့် ၆တန်းသို့အလွန်ရောက်လိုကြသည်မှာ အမှန်ပင်ဖြစ်ပါသည်။ (၇၊ဂ၊၉)

တန်းသို့ရောက်လာလျှင် တရုတ်စကား၊ သမိုင်း၊ ကဗျာ နှင့်ပက်သက်သောဘာသာ ကတစ်မျိုး၊

သင်္ချာဘာသာ၊ ပက်ဝန်းကျင်နှင့်ပက်သက်သောစာရိတ္တပညာ၊ စုတ်တံဖြင့်စာရေးရသော ဘာသာ၊

စာစီစာကုံးရေးသားရသော ဘာသာ ၊ဓာတုဗေဒ-ရူပဗေဒ-ဇီဝဗေဒ က တစ်ဘာသာဟူ ၍

အသီးသီးသင်ကြားရပါသည်။၉တန်းအောင်လျှင်လည်း ထိုနည်းလည်းကောင်း ဘွဲ့နှင်းသဘင် ကျင်းပကာ

ပျော်ပွဲရွှင်ပွဲများပြုလုပ်၍ အလယ်တန်းပညာဘွဲ့တံဆိပ်ကိုပေးအပ်ပါသည်။ မြန်မာနိုင်ငံရှိ

တရုတ်ကျောင်းသားများသည် များသောအားဖြင့် ၇တန်းအောင်ပြီးအချိန်တွင် ကျောင်းနားကြပါသည်။

အဘယ့်ကြောင့်ဆိုသော် မြန်မာကျောင်း ၉တန်းကိုတက်ရောက်ရသောကြောင့်ဖြစ်ပါသည်။

၁၀တန်းဖြေဆိုပြီးမှ တရုတ်ကျောင်းကိုဆက်လက်တက်ရောက်ကြရပါသည်။ အထက်တန်းသို့ရောက်လာလျှင်

ပို၍အရေးကြီးပါသည်၊ အဓိကအားဖြင့် အင်္ဂလိပ်စာဘာသာကို သင်ကြားရခြင်းဖြစ်ပါသည်။

၁၂တန်းသို့ရောက်ပြီးမှ ထိုင်ဝမ်သို့တက်ရောက်ခွင့်ရပါသည်။အရှေ့ကျောင်းမှလွှဲ၍

ကျန်သောကျောင်း သုံးကျောင်းတွင် အထက်တန်းကျောင်းများမရှိပါ။

၉တန်းအောင်ပြီးသူများအားလုံးသည် အရှေ့ကျောင်းတွင် ၁၀တန်းကို ဆက်လက်တက်ရောက်ရပါသည်။

ကျောင်းမှ နှစ်စဉ် ဒီဇင်ဘာလ (အားကစားလ) သို့ရောက်လျှင်

ကျောင်းအသီးသီးများနှင့်ယှဉ်ပြိုင်ကြပါသည်။ ဘက်စကက်ဘောပြိုင်ပွဲ ၊

စားပွဲတင်တန်းနစ်ပြိုင်ပွဲ ၊ ကြိုးခုန်ပြိုင်ပွဲ ၊ စသည်ဖြင့်

ပြိုင်ပွဲအသီးသီးကိုတက်ရောက်ယှဉ်ပြိုင်ရပါသသည်။ ထူးချွန်ဆုများကိုလည်း အပိုင်းကြီး-

စာမေးပွဲကြီးမှ ချီးမြှင့်ပေးခြင်းဖြစ်ပါသည်။ တရုတ်ကျောင်းတွင် တစ်ဘာသာကို ၆၀မှတ်

ရာမှအောင်နိုင်မည် ဖြစ်ပါသည်။ တစ်ခါတစ်ရံ လမ်းစည်းကမ်းနှင့် ပက်သက်သောဟောပြောပွဲ ၊

ဆံပင်ပုံစံ ၀တ်စားဆင်ယင်မှုနှင့်ပက်သက်သော ဟောပြောပွဲများ ၊ ကျပန်းစကားပြောပွဲများကို

အထိုက်အလျောက် ကျင်းပလေ့ရှိပါသည်။ တရုတ်နှစ်သစ်ကူးသို့ ရောက်လျှင်( ဖေဖော်ဝါရီလ

အနီးတ၀ိုက် ) ကျောင်းမှ သီချင်းများသင်ပေးလေ့ရှိပါသည်။ သက်ဆိုင်ရာ ဆရာ/မ များက

ဦးဆောင်၍ တရုတ်အိမ်များသို့ နှစ်သစ်မင်္ဂလာ စကားများ၊ သီချင်းများ သီဆိုကာ

ရံပုံငွေရှာကြပါသည်။ ကျောင်းတိုင်းကို လေးထပ်တိုက်များဖြင့် တည်ဆောက်ထားပါသည်။

တစ်ထပ်လျှင် စာသင်ခန်း ခြောက်ခန်းနှင့် အိမ်သာ ၂ခန်း စီရှိပါသည်။ အောက်ဆုံးအထပ် ကို

အငယ်တန်းပြဆရာများ နားနေဆောင်အဖြစ်သတ်မှတ်ထားပြီး လေးထပ်မြောက်ကို အတန်းကြီးပြဆရာများ

နားနေဆောင်အဖြစ်သတ်မှတ်ထားပါသည်။ ကျောင်းဝန်းအတွင်းတွင် ဆိုင်ကယ်ထားရန်၊ စက်ဘေးထားရန်

နယ်မြေများကို ပိုင်းခြားထားပါသည်။ အတန်းကြီးသောကျောင်းသားများ ကဆိုင်ကယ်စီရန်တာဝန်ယူ၍

အတန်းငယ်သောကျောင်းသားများ ကစက်ဘေးစီရန်တာဝန်ယူကြရပါသည်။ ဤမျှဆိုလျှင် မြန်မာနိုင်ငံရှိ

တရုတ်ကျောင်းသားများ၏ ကျောင်းတက်ရသော ဖြစ်စဉ်များကို သိရှိကြပြီဟု

ကျတော်ယုံကြည်မိပါသည်။ မိမိသားသမီးများကို တရုတ်ကျောင်းထားပေးချင်သော မိဘများလည်း

တရုတ်ကျောင်း ကိုနားလည်လာကြလိမ့်မိဟု ကျတော်ထင်မိပါသည်။ ဤသို့တရုတ်ကျောင်း

ကိုကြော်ငြောပေးခြင်းအားဖြင့် ကျတော့တွင် မည်သည့်အကျိုးကျေးဇူးများမရရှိပါဟု

ကျတော်အခိုင်အမာ ပြောဆိုလိုပါသည်။ အဓိကအားဖြင့် ကျတော့ရဲ့ အမိဘာသာစကားဖြစ်တဲ့

တရုတ်စကားကို ပိုမိုတွင်ကျယ်လာအောင် ၊ စာဖတ်ပရိသတ်များလည်း တရုတ်ကျောင်းနှင့် ပက်သက်၍

ပိုမိုနားလည်အောင် ဆိုတဲ့ ဆန္ဒဖြင့် ကျတော်ရေးသားခဲ့ခြင်းဖြစ်ပါတယ်။ စာဖတ်ပရိသတ်အပေါင်း

စိတ်နှလုံး အေးချမ်းကြပါစေလို့ ဆုတောင်းရင်း-fighternk

မိုဘိုင်းဖုန်း၊ ကင်မရာနှင့် ကွန်ပျူတာ ပစ္စည်းများကို ဘဏ်၌အရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်ပြီ

  တတိယအကြိမ် ရန်ကုန်ဘားကမ့် ကျင်းပသည့် အထိမ်းအမှတ်အနေဖြင့် မိုဘိုင်းဖုန်း၊ ကင်မရာနှင့် ကွန်ပျူတာ နည်းပညာ ပစ္စည်းများကို အရစ်ကျစနစ်ပေးသွင်း၍ ဝယ်ယူနိုင်ပြီ ဖြစ်ကြောင်း အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်မှ လက်ထောက်အထွေထွေ မန်နေဂျာ မမို့မိုလွင်က ပြောသည်။
အစီအစဉ်ကို MRS ကွန်ပျူတာအရောင်းဆိုင်၊ မြန်မာ့အလှ နည်းပညာပစ္စည်း အရောင်းဆိုင်၊ Aliance Star ကွန်ပျူတာအရောင်းဆိုင်၊ ရွှေလမင်းနဂါး ကုမ္ပဏီ တို့နှင့် အာရှစိမ်းလန်းဖွံ့ဖြိုးရေးဘဏ်တို့ ပူးပေါင်း ဆောင်ရွက်ထားကြောင်း သိရသည်။
“ဆိုင်လေးဆိုင်က လိုချင်တဲ့ပစ္စည်းတွေရှိရင် ဆိုင်မှာဈေးနှုန်း အရင်ညှိလာခဲ့ရပါမယ်။ ပြီး၇င် ဆိုင်ကထောက်ခံချက်တစ်ခု ယူလာပြီးတော့ ဘဏ်ကို ပစ္စည်းတန်းဖိုးရဲ့ ၂၀ ရာခိုင်နှုန်း လာသွင်းရပါမယ်။ ကျန်တဲ့ ၈၀ ရာခိုင်နှုန်းကိုတော့ တစ်နှစ်တာကာလ အတွင်း လစဉ် အရစ်ကျ ပေးသွင်းရမှာပါ” ဟု မမို့မို့လွင်က ဆိုသည်။
နည်းပညာပစ္စည်းများ အရစ်ကျ ဝယ်ယူနိုင်မည့် အစီအစဉ်ကို ရန်ကုန်၊ မန္တလး နှင့် နေပြည်တော်မြို့များ၌ ဖေဖော်ဝါရီ ၁၃ ရက်နေ့မှစတင် ဝယ်ယူနိုင်ပြီဖြစ်ပြီး လိုအပ်ချက်အနေဖြင့် မှတ်ပုံတင်မိတ္တူ၊ အိမ်ထောင်စု စာရင်းနဲ့ ရပ်ကွက်နေထိုင်ကြောင်း ထောက်ခံစာတို့ ဖြစ်ကြောင်း သိရသည်။
နည်းပညာပစ္စည်းများ တန်ဖိုးကို ကျပ်၁သိန်းမှ ကျပ် သိန်း ၅၀၀ အတွင်း ၀ယ်ယူရန် သတ်မှတ်ထားပြီး ဝယ်ယူသူအတွက် အာမခံမှုကို အရစ်ကျ ပစ္စည်းရောင်းချပေးမည့် ကုမ္ပဏီမှ အာမခံပေးခြင်း သို့မဟုတ်၊ ကုမ္ပဏီအဖွဲ့အစည်း တစ်ခုခုမှ အာမခံပေးခြင်း သို့မဟုတ် ဘဏ်အကောင့်ရှိသူ တစ်ဦးဦးမှ အာမခံပေးရန် လိုအပ်ကြောင်း သိရသည်။“ဘဏ်က ငှားရမ်းခနှုန်းထားဆိုပြီး တန်ဖိုးရဲ့ ၇ ရာခိုင်နှုန်း ယူပါတယ်။ ဝန်ဆောင်ခ တန်ဖိုးဆိုပြီး တန်ဖိုးရဲ့ ၁ ရာခိုင်နှုန်းယူပါတယ်။ အဲ့ဒီအတွက် စုစုပေါင်း ပထမအရစ် ပေးသွင်းရာမှာ တန်ဖိုးရဲ့ ၂၈ ရာခိုင်နှုန်း ဖြစ်ပါတယ်” ဟု မမို့မို့လွင်က ပြောသည်။
အာရှစိမ်းလန်း ဖွံ့ဖြိုးရေးဘဏ်အနေဖြင့် နည်းပညာပစ္စည်းများ အရစ်ကျဝယ်ယူနိုင်သည့် စနစ်ကို တတိယအကြိမ် ရန်ကုန် ဘားကမ့်၌ စတင်မိတ်ဆက် ခဲ့ခြင်းဖြစ်ပြီး မိုဘိုင်းဖုန်းလိုင်းများ၊ အင်တာနက်လိုင်းများ၊ ကွန်ဒိုတိုက်ခန်းများ အရစ်ကျ ဝယ်ယူနိုင်သည့်စနစ်ကိုမူ ယခင်ကတည်းက ပြုလုပ် ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

Monday, 12 March 2012

သံစဉ်နဲ့ချော့သိပ်ခွင့်မင်းအကြောင်းအိမ်မက်ချစ်သမီးလေးအတွက်
မင်းလေးကိုသိပ်ချစ်လို့
ကြယ်တွေစုံတဲ့ည
တမ်းတမ်းတတ
တယောက်ထဲချစ်မယ်
ခွင့်ပြုတယ်
မှားပြီနော်
ရင်မှာအမြဲတန်းမင်းရှိတယ်
သိမ်းထားမှာလား
မဆွေးချင်ဘူး(အာဇာနည်)
နောင်အင်းလေး
အမုန်းသမား(စိုင်းစိုင်း)
သတိရရင်ပြီးတာပဲ
အနားမှာလာနေပါ
အဖြူရောင်သံစဉ်
ပျောက်ဆုံးနေသောနိဗ္ဗန်ဘုံ
sheismygirlfriend
ဂျီတော့သူ
ဝန်ခံပါ (ပူစူး)
မင်းကိုသတိရရင်
ကျေနပ်တယ်
ကောင်းကင်မေမေ
ကြည်ဖြူပါတော့
ပူစူး nonstop
အလှဆင်ပါ(လေးဖြူ)
လိုက်ခဲ့တော့
တစစီကျိုးပဲ့နေ
တယောက်ထဲသာ
သူသိပါကွယ်



(မမ)
ချစ်တယ်မရေ
အချစ်မှတပါးအခြားမရှိပြီ
တနေ့တော့ချစ်လာလိမ့်မည်
အမေ့


တန်ဆောင်တိုင်သီချင်း
အလွမ်းနဲ့ရူးပြီ
နှမြောတယ်
သူလေး
ကောင်းကင်ကအချစ်ငှက်
ဆာဒါငဲယိုး
ခိုနားရာ
အိမ်မက်ကမ္ဘာ
အလွမ်းဝင်္ကဘာ
ပထမအနမ်းသီချင်း 
စကားလုံးတွေမလိုဘုး
(နိဒါန်း)   
လေလွှင့်သူ 
အာဇာနည်  
ငါဆက်ချစ်မယ့်သူ 
ရုပ်သေးရုပ် 
မျှော်လင့်ချက်မဲ့  
ဒီတစ်ခါမခွဲတော့ဘူး 
ချမ်းချမ်း(ကိုယ်တစ်ယောက်တည်း) 
မျိုးကြီး(နူးညံ့စွာပြောင်းလဲခြင်း) 
လက်ခံပေးပါ(၂)မျိုးကြီး 
မျိုးကြီး=အတိတ်ရဲ့နွေ  
Baby 
စပါယ် 
အမြဲတန်းယုံကြည်တယ် 
သူငယ်ချင်းသံယောဇဉ် 
မိန်းကလေးပါ 
ဒီဇင်ဘာည၂ 
ပြည့်စုံလွန်း 
အသိအမှတ်ပြုပါ 
ကြယ်ကြွေကောင်းကင် 
Congratulation 
ညီမလေး 
မကြင်နာလေသူသို့ 
အပြည်ပြည်ဆိုင်ရာအသဲကွဲသောနေ့ 
ပထမအနမ်း 
ချစ်သူသိပါစေ 
နင်မသွားခင်  
နှမြောတယ် 
မျှော်လင့်မိတဲ့ငါ့နတ်သမီး 
လမ်းခွဲ  
နောက်ဆုံးပေါ့ 
Baby-(Mc Wai Lin) 
ရင်ထဲကလာတဲ့သီချင်း 
ကော်ရုပ်လေး 
လွမ်းဆွတ်ခွင့် 
ချစ်သူ-ရိန်မိုး 
ကမ္ဘာကျော်တဲ့စိတ်ကူး
အချစ်
စန္ဒီမြင့်လွင်-မနီးစပ်ခြင်းပါ
ချက်တင်ထဲကကောင်မလေး
THEPOWEROFLOVE
အချစ်တန်ခိုး(အာဇာနည်)
I.M.fd
ချစ်ခဲ့တာလား ရူးခဲ့တာလား
အလွမ်းဆုလဒ်
ကြိုစေချင်တယ်
ငါ့နေရာ 
Justin Bieber@baby
Radio ပေးခဲ့တဲအလွမ်း
နေ၀င်ချိန်
အဝေးကချစ်သူ
NEVER BE REPLACED
အင်းလေးမှာရွာတဲ့မိုး
ငါချစ်တာမင်းပဲ
နေညိုရင်
ပူစီ
ချစ်သူကို
ချမ်းမြေ့ပါစေ
စိတ်ကူးယဉ်အနမ်းများ
နွေဦးကဗျာ
မိုးသိပါစေ
ဘ၀ချင်းခြားလည်းချစ်
ပုဂံဘုရားဖူး
မမကြောင့်
ညစဉ်ညတိုင်း
မြူမှောင်ဝေကင်း
နှစ်ပါတ်လည်
ကောင်မလေး
နောက်ဆုံးရင်ခွင်
မလွမ်းပဲမနေနိုင်ဘူး
လုံးဝမမေ့သေးဘူး
အိမ်-ဓီရာမိုရ်
လမ်းဆုံ
ကိုကိုက
တမိုးအောက်
ယုံပါရင်သို့
ဒီတညတော့
ဟင့်အင်းအမေကဆူလိမ့်မယ်
တခါထဲချစ်ချင်လို့ပါ
ထူးဆန်းလွန်းတဲ့အချစ်
ပြော
ကြွေသူနှစ် ကောက်သူတစ်
စာမျက်နာ ၁၅
မျက်နာများတဲ့မောင်
ဒီလမ်းမကြီးရဲ့ ဘေး
အင်းယားသို့
နှစ်ပတ်လည်(၂)
မုန်းဖို့လွယ်တယ်မေ့ဖို့ခက်တယ်
ပြန်လာပါကွယ်
သူသိပါကွယ်
All out of love
စလုံးကချစ်သူ
ပတ်သက်ခွင့်ပြုပါ
တကယ့်ပုံပြင်
ကောင်မလေး
တယောက်သောသူအတွက်
မင်း
မရေရာဘူး
မအေးကိုချစ်လို့
ဆက်ချစ်ခွင့်ပေးပါ
ညှို့နှိင်လွန်းတဲ့သူ
ခွင့်ပြုတယ်ခွင့်လွှတ်တယ်
ကြိုပြီးတောင်းပန်တယ်
ရဲလေး သီချင်း
ရီးစားထားတဲ့အရွယ်
အချစ် = အချစ်
သီးသန့်ဖြစ်တည်မူ
ကိုကို့စိတ်ကူး
မမက
တကယ်ဆိုအချစ်ဘဲလိုတယ်
ကြယ်ကြွေကောင်းကင်
အချစ်များသူ့ဆီမှာ
ပြန်တွေးကြည့်
ဝေးပြီးတဲ့နောက်
တစ်နေ့တော့
လမင်းသစ်ပင်
ပက်သက်ခွင့်ပြုပါ(Bunny Phyo) 
ကမ္ဘာငယ်လေး
မသိချင်ယောက်ဆောင်မျက်နှာလွဲ 
ခိုနားရာ
ကောင်ကလေးကကောင်မလေးကို 
ထာဝရပက်သက်ခွင့်ပြုပါ
ချစ်သူ
နားနားဘေးမှာ
ပျံသန်းသွားတော့
ဟုတ်လို့လား
Never Be Replaced
ချစ်မိနေပြီ
နိုးတစ်ဝက်အချစ်
အချစ်အတွက်ကိုယ်စား
ငါ့ရဲ့အနား ၂
ဝေးသွားတဲ့အခါ
မီးအိမ်ရှင်
ငါ့နေရာ
Anywhere for you
Justin Bieber(Baby)
သီရိသူ
ဒီဇင်ဘာည
ဒီဇင်ဘာည၂
ငါမှားလားမင်းမှန်လား
ဆေးကျောင်းသား
တကယ်ဆိုရင်
အမေ
စွန့်လွှတ်ခက်သူ
နင်စေရင်
အနှိုင်းမဲ့
ရင်ဘတ်ထဲက
အနိုင်မယူသူရဲ့အရှုံး
RIGHTHEREWAITINGFORYOU
YMBG GROUP
ချစ်တယ်
မင်းနဲ့အတူတူ
မဆုံနိုင်ခြင်း(ညီမှူးအိမ်)
တစ်ကယ့်ပုံပြင်-ရိုးရာ
မိုး-ရိုးရာ
မျက်နာ
လပ္ပပ်ါပဲါကဆံင်(မွန်သီချင်း)
ပူစူး=တစ်မိုးအောက်
ကြိုးကြာ=တိတ်တိတ်လေး
ဘယ်သူ့အတွက်လဲ
မေ့လို့မရသေးဘူး
ဒို့နှစ်ယောက်
မဝေးတဲ့ချစ်ခြင်း(Nကိုင်ရာ)
ငါဝအောင်ငိုမယ်၂
နင်မေ့လို့ရပြီလား
၁၆နှစ်အချစ်
မေ့လိုက်
အမြဲရှိနေပါ-ရဲလေး
ကောင်မလေးသို့-OAKKAR
အချစ်ရူးလေး-ထက်ယံ
အေးသင်ချိုဆွေ=ပြိုလဲကြေကွဲ
အတူတူဆိုရင်
ကျိန်ပြောတတ်သူ
ဖြည့်ဆည်းပေးသူ
February14(February မှတ်တမ်း)
လူကြမ်းတယောက်ရဲ့အဆွေး
ငါ့အတွက်မကြည့်ပါနဲ့
တကယ့်ပုံပြင်
ဟန်ထွန်း =လွမ်းသူအကြောင်း
ဖက်ထားးမယ်
Angel နတ်သမီး
သူငယ်ချင်းအချစ်
ကမ္ဘာငယ်
ရင်ဘတ်ထဲကလူ
အဝေးကချစ်သူ
ငါမင်းအတွက်
FavoriteGirl
ငါဝအောင်ငိုမယ်
ငရုပ်သီး
မင်းပြန်လာမဲ့ရက်
SomebodyToLove
ဖွဲမီး
ကောင်းကင်မေမေ