Sunday, 4 March 2012

အမြင်ကျယ်သော အမျိုးသမီးများအတွက်

လူတယောက်၏အမူအကျင့်သည် သူ၏တန်ဖိုးထားမှုနှင့်ပတ်ဝန်းကျ
င်လွှမ်းမိုးမှုပေါ်တွင်မူတည်၍
အမျိုးမျိုးရှိနိုင်သည်။ တန်ဖိုးထားမှုဆိုရာတွင်
မိမိကိုယ်ကိုတန်ဖိုးထားမှုမှစ၍ တစုံတခု(သို့) အရာဝတ္ထု
တခုပေါ်တွင်တန်ဖိုးထားမှုများပါဝင်သည်။ ပတ်ဝန်းကျင်လွှမ်းမိုးမှုတွင်
ပတ်ဝန်းကျင်ဆိုးလွှမ်းမိုးမှုနှင်
ပတ်ဝန်းကျင်ကောင်းလွှမ်းမိုးမှုများပါဝင်သည်။
တန်ဖိုးထားမှုများထဲတွင် ပထမဦးစွာ မိမိကိုယ်ကိုတန်ဖိုးထားတက်မှုသည်
အရေးအကြီးဆုံးဖြစ်
သည်။ ဥပမာ မနီသည် အိမ်မှ ရည်းစားဖြင့် သဘောမတူ၍
အိမ်ပေါ်မှဆင်းမည်ဆိုပါစို့။ ပထမဦးစွာ
မိမိကိုယ်ကို ဖြစ်ချင်ရာဖြစ် အိမ်မှဆင်းမည်ဟုဆုံးဖြတ်လိုက်သည့်အတွက် သူမ၏
မိမိကိုယ်ကိုတန်ဖိုး
ထားမှုမရှိတော့ပေ။ ထိုအချိန်တွင်
ပတ်ဝန်းကျင်၏လွှမ်းမိုးမှုကိုစတင်ကြုံတွေ့ရပေတော့မည်။ ပတ်ဝန်း
ကျင်အကောင်းအဆိုးပေါ်တွင်သူ၏အမူအကျင့်ပြောင်းလဲပေတော့မည်။
ထို့ကြောင့်လူတယောက်၏ အမူအကျင့်သည် သူ၏တန်ဖိုးထားမှုများနှင့်သူ၏ ပတ်ဝန်းကျင်ပေါ်တွင်
များစွာမူတည်နေပေသည်။ ယခုခေတ်မိန်းခလေး များသည် အမြင်ကျယ်ခြင်း ၊ခေတ်ဆန်ခြင်းဆိုသော
ဝေါဟာရများကို အကာအကွယ်ပြုကာ မိမိကိုယ်ကိုတန်ဖိုးထားမှုလျော့နည်းလာကြသည်။
ထိုမှစ မိမိအား
လွှမ်းမိုးထားသည့်ပတ်ဝန်းကျင်ပေါ်မူတည်မဖြစ်သင့်သည်များဖြစ်လာရတော့သည်။

စာဖတ်သူများခင်ဗျား

(၁) အမြင်ကျုယ်သည်ဆိုသော စကားလုံးကို အကာအကွယ်ပြုကာ နိုက်ကလပ် တက်ကသည်ကိုကြိုက်
နှစ်သက်သောအမျိုးသမီးများအား အဘယ်သို့ယူဆသနည်း။
(၂) ပုရိသ တို့အနေနှင့် နိုက်ကလပ်ဟူသော
နေရာအားမည်ကဲ့သို့အမျိုးသမီးများရှိသည်ဟုသိထားသနည်း။
(၃) အမြင်ကျယ်သည် ဟုဆိုကာ Facebook ကဲ့သို့သော Social Network များ၏
Sexual Environment
တွင်ရှိနေသည့် အမျိုးသမီးများမည်ကဲ့သို့ထင်မြင်သနည်း။
(၄) ဒါဆို အမျိုးသမီးကောင်းများကိုကော အမြင်ကျဉ်းသည်ဟုပြောနိုင်ပါသလား
(၅) လုပ်ငန်းကြီး၊ ကုမ္ပဏီ ကြီးများကို
ဦးဆောင်နေသောအမျိုးသမီးကောင်းများကိုကော အမြင်ကျယ်သည်
ခေါ်ဆိုနိုင်ပါသလား။

အချုပ်အားဖြင့်ဆိုသော် မြန်မာအမျိုးသမီးများအတွက်
မိမိကိုယ်ကိုတန်ဖိုးထားမှုသည် အရေးအကြီးဆုံး
ဖြစ်၍ ပတ်ဝန်းကျင်ကောင်းကိုရွေးချယ်ကာ
ကောင်းမွန်သည့်နေရာတွင်သာအမြင်ကျယ်သင့်သည်ဟုထင်မြင်
ယူဆမိပါသည်။

No comments:

Post a Comment