Thursday, 15 March 2012

အင်တာနက်လိုင်းနှေးကွေးနေစဉ် Windows VPS မှတစ်ဆင့် မြန်နှုန်းမြင့် အင်တာနက် သုံးနိုင်မည့် ဝန်ဆောင်မှုတစ်ရပ်စတင်

အင်တာနက်လိုင်းနှေးကွေးနေစဉ်အတွင်း မြန်နှုန်းမြင့် အင်တာနက် သုံးနိုင်မည့် ဝန်ဆောင်မှုတစ်ရပ်ကို စတင်ဆောင်ရွက်ပေးမည် ဖြစ်ကြောင်း သိရသည်။ သြစတြေးလျနိုင်ငံရှိ Data Center တွင် တိုက်ရိုက်ထားရှိသော Hyper-V Windows Virtual Private Server (VPS) နည်းပညာဖြင့်ဝန်ဆောင်မှုပေးခြင်းဖြစ်ကြောင်း သိရသည်။ မိမိရဲ့ကိုယ်ပိုင် Computer တစ်လုံး၊ ဒါမှမဟုတ် Sever တစ်လုံး ကို Data Center တွင် တိုက်ရိုက်ထားရှိသလိုမျိုး အသုံးပြုသူကိုယ်တိုင် တိုက်ရိုက်အပြည့်အဝ ထိန်းချုပ်နိုင်ဖို့ စီစဉ်ထားပါတယ်။
အသုံးပြုသူတွေအနေနဲ့ ကွန်ပျူတာတိုင်းမှာပါရှိတဲ့ Remote Desktop Software ကိုအသုံးပြုပြီး အင်တာနက်ချိတ်ဆက်မှုရှိတဲ့ မည့်သည့်နေရာကမဆို မိမိကိုယ်ပိုင် VPS အား အချိန်မရွေး ဝင်ရောက်အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ အသုံးပြုသူရဲ့ Windows VPS မှာ ရရှိမယ့် အင်တာနက်မြန်နှုန်း (Internet Speed) ကတော့ Data Center ရဲ့Network Backbone နဲ့ တိုက်ရိုက်ချိတ်ဆက်ထားသောကြောင့် Gbit Speed ကို Download/Upload ရရှိနိုင်မှာ ဖြစ်ပါတယ် ဟု ၎င်းစနစ်ကို ဝန်ဆောင်မှုပေးသည့် Myanmar VPSမှ တာဝန်ရှိသူက ပြောသည်။ စတင်အသုံးပြုလိုသူများ အနေဖြင့် www.myanmarvps.comတွင် Register ပြုလုပ်ရမည်ဖြစ်ပြီး ၂၄ နာရီအတွင်း အသုံးပြုနိုင်သည့် IPလိပ်စာ၊ User Name, Password တို့ကို အကြောင်းပြန်ကြားပေးမည် ဖြစ်ကြောင်း သိရသည်။
အသုံးပြုသူ၏ Windows VPS တွင် မိမိ၏ကွန်ပျူတာကဲ့သို့ အသုံးပြုလိုသည့် application မှန်သမျှကို ထည့်သွင်း အသုံးပြုနိုင်မည်ဖြစ်ပြီး အချက်အလက် လုံခြုံမှုအတွက်လည်း စိတ်ချရသည်ဟုဆိုသည်။ ကိုယ်ပိုင်ကွန်ပျူတာလိုပဲ ကြိုက်သလို စီမံခန့်ခွဲလို့ ရပါတယ်၊ အင်တာနက် ရှိတဲ့ဘယ်နေရာ သွားသွားဖွင့်ပြီး အသုံးပြုနိုင်မှာမို့လို့ ကွန်ပျူတာကိုအလေးခံပြီး သယ်ယူသွားစရာ မလိုအပ်တော့ပါဘူး။ ဒါ့အပြင် Sever ဝန်ဆောင်မှုတွေဖြစ်တဲ့ Virtual Private Network (VPS) တည်ဆောက်လိုသူများ၊ Web Hosting ဝန်ဆောင်မှုတွေကို ဆောင်ရွက်လိုသူတွေ အသုံးပြု နိုင်ပါတယ်။ ပြီးတော့ Windows VPS ကို အသုံးပြုဖို့ Internet Speed ကောင်းဖို့ မလိုအပ်ပါဘူး။ အင်တာနက်လိုင်းနှေးကွေးနေစဉ်မှာတောင် အသုံးပြုလို့ရပါတယ်ဟု ၎င်းကဆက်လက်ပြောကြားသည်။ ၎င်းဝန်ဆောင်မှုနဲ့ ပတ်သက်၍ အသေးစိတ်သိလိုသူများအနေဖြင့် www.myanmarvps.com တွင် လေ့လာကြည့်ရှုနိုင်ပြီး ဖုန်း-၅၁၀၅၅၄ သို့လည်း ဆက်သွယ်မေးမြန်းနိုင်ကြောင်း သိရသည်။

No comments:

Post a Comment