ရန်ကုန်မြေပုံ လမ်းညွှန်စနစ်အား မိုဘိုင်းဗားရှင်းအဖြစ် မိုဘိုင်းဖုန်းများတွင် အခမဲ့စတင်ထည့်သွင်းနိုင်ပြီ ဖြစ်ကြောင်း အင်မိုင်ခကုမ္ပဏီမှ ဦးမိုးသန့်ဦးကပြောသည်။ ရန်ကုန်မြို့လုပ်ငန်းအများစုရဲ့ တည်ရှိရာနေရာများကို မြေပုံနှင့်တကွ ဖော်ပြသည့် အဆိုပါစနစ်ကို PC နှင့် Mobile(Android) Version အတွက် အခမဲ့ရယူနိုင်မည်ဖြစ်သည်။ လတ်တလော လူကြီးမင်းနှင့် Mr.Fone မိုဘိုင်းဖုန်းဆိုင်တွေမှာရယူနိုင်ပါတယ်။နောက်ပိုင်းဖုန်းဆိုင်တွေအားလုံးမှာ ရယူဖို့အတွက် ဆောင်ရွက်နေပါတယ်ဟု ၎င်းကပြောပါတယ်။ ရန်ကုန်မြို့နှင့်ပတ်သက်သည့် လုပ်ငန်းလိပ်စာ၊ အချက်အလက်ပေါင်း ၁သိန်းနီးပါးကို အဆိုပါစနစ်တွင်ထည့်သွင်းထားသည့်အပြင် မန္တလေးမြို့နှင့်ပတ်သက်သည့် လုပ်ငန်းလိပ်စာ၊ အချက်အလက်ပေါင်း ၃ သောင်းနီးပါးကိုလည်း ထည့်သွင်းထားကြောင်းသိရသည်။ အဆိုပါစနစ်ထည့်သွင်းခြင်းအားဖြင့် မိုဘိုင်းဖုန်းများအတွင်းတွင် မြန်မာနိုင်ငံအတွင်းရှိ စီးပွားရေးလုပ်ငန်းများ၏ ဝန်ဆောင်မှုများနှင့် ပတ်သက်သည့် အချက်အလက်များကို တစ်နေရာတည်းတွင် သိရှိနိုင်မည် ဖြစ်ပြီး Google, Yahoo, MSM ကဲ့သို့သော ဝက်ဘ်ဆိုက်များကဲ့သို့ Search Engine Server ကို အသုံးပြုထားကြောင်းသိရသည်။
No comments:
Post a Comment