
ဒါက ဘယ်ဖက်မှာ E-book ဖွင့်ထားပြီး ညာဖက်မှာတော့ ကျွန်တော့် Blog လေးဖွင့်ထားတာဖြစ်ပါတယ် Window 7 မှာမြင်ဖူးတယ် မဟုတ်လား ဒီအခုပြောပြမယ့် Slide by Slide Feature ကဒီလို Window နှစ်ခုထဲ ယှဉ်ပြီး ဖွင့်လို့ရတာ မဟုတ်ဘူးနော် သုံးခု လေးခုထိကို ဖွင့်လို့ရပါတယ်။

ဒီမှာက သုံးခုဖွင့်ထားတာပါ..... ဒီလို Window တွေကို နှစ်ခုသုံးခု ယှဉ်ပြီးဖွင့်ချင်ရင် နောက်ထပ် Software တစ်ခုလည်း Install လုပ်စရာမလိုပါဘူး.... လွယ်လွယ်လေးပါ အရင်ဆုံး Ctrl key လေးကို ဖိထားပြီးတော့မှ သူငယ်ချင်းတို့ ဖွင့်ချင်တယ့် Window တွေကို Task Bar ပေါ်မှာ Select လုပ်ပေးလိုက်ပါ နှစ်ခုလား သုံးခုလားကတော့ စိတ်ကြိုက်ပေါ့နော်... ပြီးရင် Task Bar ပေါ်မှာ Right Click ကိုနှိပ်ပြီး ပေါ်လာမယ့် Menu လေးထဲကနေ Show Windows Slide By Slide ဆိုတာလေးကို ရွေးပေးလိုက်ရင် ရသွားပါပြီ။ စမ်းကြည့်လိုက်ကြပါ ဒီကောင်လေးက Window Vista မှာလူသိနည်းတယ့် Feature လေးဖြစ်ပေမယ့် တစ်ခါတစ်ရံ အလွန်ကို အသုံးဝင်လို့ မသိသေးသူများအတွက် ရည်ရွယ်ပြီး တင်ပေးလိုက်ခြင်း ဖြစ်ပါတယ်။ သိပြီးတယ့် ကိုကိုမမ များလည်း နားလည်ပေးနိုင်ကြပါစေ။
စေတနာများစွာဖြင့်....
No comments:
Post a Comment