Friday, 2 March 2012

အထွေထွေ ဗဟုသုတပေါ့

“လူတို့သည် အခြေခံအားဖြင့် ကံဆိုးခြင်းကို ကြောက်ရွံ့နေတတ်ပြီး
ကံကောင်းခြင်းကိုသာ တောင့်တနေတတ်ကြသည်။ သို့သော် ကံကောင်းခြင်းနှင့်
ကံဆိုးခြင်းတို့၏ ထူးခြားချက်ကို ဂရုတစိုက် လေ့လာခဲ့ပါက
ကံဆိုးခြင်းသည်လည်း ကံကောင်းခြင်းသို့ ပြောင်းလဲသွားတတ်သကဲ့သို့
ကံကောင်းခြင်း သည်ကလည်း ကံဆိုးခြင်းသို့ ပြောင်းလဲသွားတတ်သည်ကို
တွေ့ရပါလိမ့်မည်။ ပညာရှိသောသူသည် မျှတသော စိတ်ထားဖြင့် လူ့ဘဝ၏
ပြောင်းလဲနေမှုကို ရင်ဆိုင်ရန် သဘောပေါက်ထားပြီး ဖြစ်သည်။ သူသည်
အောင်မြင်မှုအတွက် အထူးတလည် ဝမ်းမြောက်ခြင်း မရှိသလို ကျဆုံးမှုကိုလည်း
စိတ်ပျက်ဝမ်းနည်းနေခြင်းမရှိပေ”

ဗုဒ္ဓ



“ကျွန်တော်တို့လုပ်သလိုပဲ အစိုးရအရာထမ်း အမှုထမ်းတွေဟာ မိမိတို့အပေါ်ကို
တရားသဖြင့် ကျရောက်လာတဲ့ တာဝန်ဝတ္တရားတွေကို လူထုနဲ့ တိုင်းပြည်ရဲ့
မျက်နှာကိုထောက်ပြီး ပြတ်ပြတ်သားသား ဆောင်ရွက်စေချင်တယ်။ ဒီလိုမှ
ပြတ်ပြတ်သားသား မဆောင်ရွက်ဝံ့ကြရင်လည်း ဆောင်ရွက်ဝံ့တဲ့လူတွေကို
နေရာဖယ်ပေးကြစေချင်တယ်။ အစိုးရအမှုထမ်း အရာထမ်းဆိုတာ အမှန်စင်စစ်တော့
ကိုယ့်ဝတ္တရားကို ကျေပွန်အောင်ထမ်းဖို့ပဲ။ ဟိုလူ့ကြောက်သလိုလို၊
ဒီလူ့ကြောက်သလိုလို၊ ဟိုလူ့ကို မျက်နှာချိုသွေးချင်သလိုလို၊ ဒီလူ့ကို
မျက်နှာချိုသွေးချင်သလိုလို ဒီလိုလုပ်လို့မရဘူး။ ကိုယ့်ဝတ္တရား
ကိုယ်ကျေပွန်ရင် ဘယ်သူမှကြောက်ဖို့မလိုဘူး။ ဘယ်သူကမှလည်း လက်ဖျားနဲ့
မတို့နိုင်ဘူးဆိုတာ မှတ်ထားကြပါ။

ဗိုလ်ချုပ်အောင်ဆန်း


******************************
*************************************************

*******************************************************************************

Remember the door to oppprtunity swings two ways- in and out.
အခွင်းအလမ်းဟူသည့် တံခါးသည် “အတွင်းသို့” နှင့် “အပြင်သို့” ဆိုသော
ဘက်နှစ်ဖက်သို့ ပွင့်စေနိုင်သည်ကို သတိပြုပါလေ။

If you can show how time or materials can be saved, you can easily
show how your paycheck can be increased.
သင်သာအချိန်နှင့် ပစ္စည်းချွေတာနိုင်မှုရှိလျှင် သင်၏ဝင်ငွေသည်
အလွယ်တကူတိုးလာသည်ကို တွေ့ရမည်ပင်။

Keep so busy going after what you want that you have no time to fear
what you don’t want.
သင်လိုချင်သည့် အရာနောက်သို့ လိုက်နေခြင်းဖြင့် အလုပ်များပါက
သင်မလိုချင်သည့်ကိစ္စအတွက် ကြောက်လန့်နေရန် အချိန်ရှိတော့မည် မဟုတ်ပါ

One optimist may wield more constructive influence than a thousand pessinists .
အကောင်းမြင် ဝါဒီ တစ်ယောက်သည် အဆိုးမြင် ဝါဒီ အယောက် ၁၀၀၀ ထက်
အပြုသဘောဆောင်သည့် ဩဇာတိက္ကမဖြင့် ပို၍ လွှမ်းမိုးနိုင်စွမ်းရှိ၏ ။

All enduring success is founded upon harmonious human relationships.
တည်တံ့ခိုင်မြဲသော အောင်မြင်မှု အားလုံးသည် သဟဇာတဖြစ်သော လူသားအချင်းချင်း
ဆက်ဆံရေးပေါ်၌ တည်ဆောက်ထားခြင်း ဖြစ်သည်။

No comments:

Post a Comment